DVB Logo
Home
နိုင်ငံတကာ
ကွန်ဂိုတွင် ဈာပနအခမ်းအနား ၁ ခု တိုက်ခိုက်ခံရပြီး ၆၀ ကျော် သေဆုံး
DVB
·
September 11, 2025
ကွန်ဂိုတွင် ဈာပနအခမ်းအနား ၁ ခု တိုက်ခိုက်ခံရပြီး ၆၀ ကျော် သေဆုံး
Donate to DVB

ကွန်ဂိုနိုင်ငံအရှေ့ပိုင်းမှာ အစ္စလာမ္မစ်စစ်သွေးကြွတွေက စက်တင်ဘာ ၈ ရက် ညမှာ ဈာပနအခမ်းအနားတခု အပါအဝင် ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုနှစ်ခုအတွင်း လူပေါင်း ၆၄ ယောက် သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာတာဝန်ရှိသူတွေက စက်တင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။

လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုဟာ လူဘေဟို နယ်မြေထဲက အန်တိုယိုရွာမှာဖြစ်ပြီး အသုဘအခမ်းအနားတခုမှာ လူ ၄၆ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

တချိန်တည်းမှာ ဘေနီနယ်မြေ အိုအိချမြို့နားက ဖှိုတိုဒူရွာမှာ နောက်ထပ်တိုက်ခိုက်မှုတခု ဖြစ်ခဲ့ပြီး လယ်သမားအများစုပါတဲ့ လူ ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဒီလိုညှိနှိုင်းတိုက်ခိုက်မှုတွေက မကြာသေးမီလတွေအတွင်း အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ဆက်နွှယ်နေတဲ့ မဟာမိတ်ဒီမိုကရက်တစ်တပ်ဖွဲ့ (ADF) ရဲ့ လက်ချက်နဲ့ အသေအပျောက်အများဆုံးအဖြစ် ရပ်တည်နေပါတယ်။

တိုက်ခိုက်ခံ ဖှိုတိုဒူရွာနဲ့ ၁၂ ကီလိုမီတာလောက်အကွာ အိုအိချမြို့ရဲ့ ကျေးလက်ဒေသခံ မြို့တော်ဝန် ယူဂျီနီ ကာဗျယ်ရာ မွမ်ဂျ်က ဒီဒေသဟာ သြဂုတ်လအစောပိုင်းကတည်းက ADF တိုက်ခိုက်မှုနဲ့ ညအချိန် ဖောက်ထွင်းမှုလို ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရတယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

တုံ့ပြန်မှုအနေနဲ့ အာဏာပိုင်တွေက လူနေထူထပ်တဲ့ နေရာတွေကို ကာကွယ်ဖို့နဲ့ အလားတူဖြစ်ရပ်တွေကို ကာကွယ်ဖို့ နောက်ထပ်လုံခြုံရေးအစီအမံတွေကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

ယူဂန်ဒါသူပုန်အဖွဲ့အဖြစ် စတင်ခဲ့ပေမဲ့ ၁၉၉၀ ခုနှစ် နှောင်းပိုင်းကတည်းက ကွန်ဂိုနိုင်ငံမှာ စစ်ဆင်ရေးလုပ်ဆောင်ခဲ့တဲ့ ADF ဟာ သတ္တုကြွယ်ဝတဲ့ အရှေ့ပိုင်းဒေသမှာ တိုက်ခိုက်မှုတွေ ပြင်းထန်လာပြီး နယ်မြေတည်ငြိမ်ရေးအတွက် ပြည်တွင်းနဲ့ နိုင်ငံတကာ ကြိုးပမ်းချက်တွေကို စိန်ခေါ် နေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013