DVB Logo
Home
နိုင်ငံတကာ
နာမည်ကြီး ထရမ့်ပ်ထောက်ခံသူ ချာလီကာ့ခ် ပစ်ခတ်လုပ်ကြံခံရ (ဓာတ်ပုံ)  
DVB
·
September 11, 2025
နာမည်ကြီး ထရမ့်ပ်ထောက်ခံသူ ချာလီကာ့ခ် ပစ်ခတ်လုပ်ကြံခံရ (ဓာတ်ပုံ)  
1 / 15
Donate to DVB

သမ္မတဒေါ်နယ်ထရမ့်ပ်ရဲ့ မဟာမိတ်၊ ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူ ချာလီကာ့ခ်ဟာ စက်တင်ဘာ ၁၀ ရက်နေ့ ယူတားပြည်နယ်ရှိ  Utah Valley  တက္ကသိုလ်ကျောင်းဝင်းအတွင်း မိန့်ခွန်းပြောနေချိန် ပစ်ခတ်လုပ်ကြံခံခဲ့ရပါတယ်။ 

လူမှုကွန်ရက်မှာ ဩဇာရှိသူလည်းဖြစ်တဲ့ အသက် ၃၁ နှစ်အရွယ် ကာ့ခ်ဟာ အဝေးတနေရာ အဆောက်အအုံ ခေါင်မိုးပေါ်ကနေ စနိုက်ပါ သေနတ်သမားတယောက်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ ယူဆရပါတယ်။

ဒီပစ်ခတ်မှုကို ကျူးလွန်သူကို အာဏာပိုင်တွေက အပူတပြင်း  လိုက်လံရှာဖွေနေပါတယ်။ ယူတားပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ ဒါဟာ နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်မှု ဖြစ်တယ်လို့ ပြောပါတယ်။

"အစွန်းရောက်လက်ဝဲသမားတွေဟာ ချာလီလိုမျိုး အံ့ဩစရာ အမေရိကန်တွေကို နာဇီတွေ၊ ကမ္ဘာ့အဆိုးဆုံး လူသတ်သမားတွေ၊ ရာဇဝတ်ကောင်တွေနဲ့ နှိုင်းယှဉ်ခဲ့ကြတာ နှစ်ပေါင်းများစွာ ရှိပါပြီ” လို့ ထရမ့်ပ်က သုံးသပ်ပါတယ်။ 

"ဒီလို လှုံ့ဆော်သုံးနှုန်းမှုမျိုးတွေဟာ ဒီကနေ့ ကျုပ်တို့နိုင်ငံမှာ မြင်တွေ့နေရတဲ့ အကြမ်းဖက်ဝါဒအတွက် တိုက်ရိုက်တာဝန်ရှိပါတယ်။ ဒါကို အခုချက်ချင်း ရပ်တန့်ရပါမယ်" လို့ ထရမ့်ပ်က မှတ်ချက်ပေးခဲ့ပါတယ်။

ချာလီကာ့ခ်ဟာ အမေရိကန်မှာ အကြီးဆုံး ကွန်ဆာဗေးတစ်လူငယ်အဖွဲ့အစည်းဖြစ်တဲ့ Turning Point USA ကို ပူးတွဲတည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ သမ္မတထရမ့်ပ် ရွေးကောက်ပွဲ အနိုင်ရဖို့အတွက် လူငယ်မဲဆန္ဒရှင်တွေကို စည်းရုံးရာမှာ အဓိကကျသူတယောက်လည်း ဖြစ်ပါတယ်။

ချာလီကာ့ခ် လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် ဝမ်းနည်းကြောင်းပြသတဲ့အနေနဲ့ အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ အလံကို တိုင်တဝက်ချလွှင့်ထူထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013