DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂ အထွေထွေညီလာခံစတင်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းဦးဆောင်သည့် မြန်မာအဖွဲ့ တက်ရောက်
DVB
·
September 11, 2025
ကုလသမဂ္ဂ အထွေထွေညီလာခံစတင်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းဦးဆောင်သည့် မြန်မာအဖွဲ့ တက်ရောက်
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ စက်တင်ဘာ ၉ ရက်က စတင်ကျင်းပတဲ့ အကြိမ် ၈၀ မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေပါတယ်။

၇၉ ကြိမ်မြောက် အထွေထွေညီလာခံ ပိတ်ပွဲအခမ်းအနားနဲ့ အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးတွေ ကျင်းပတာမှာ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ် တက်ရောက်မိန့်ခွန်းပြောသွားခဲ့ပြီး မြန်မာနိုင်ငံကိုယ်စား သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်တဲ့  မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြတာပါ။

သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ ပြီးခဲ့တဲ့  ၂၀၂၄ ခုနှစ် အောက်တိုဘာလဆန်းမှ ဒီဇင်ဘာလကုန်  အထိကျင်းပခဲ့တဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း  လုံခြုံရေးကောင်စီ အပါအဝင် ကုလသမဂ္ဂ အစည်းအဝေးတွေမှာ မြန်မာအရေးနဲ့ ပတ်သက်ပြီး မိန့်ခွန်းပေါင်း  ၆၀ လောက်  ပြောကြားခဲ့တယ်လို့ အမြဲတမ်းကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သံအမတ်ကြီးဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေ၊ အကြမ်းဖက် စစ်အုပ်စုက မြန်မာပြည်သူတွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရက်စက် လူမဆန်စွာ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်နေမှုတွေ၊ မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ဆောင်ရွက်မှုတွေကို နိုင်ငံတကာစင်မြင့်ကနေ ထုတ်ဖော်ပြောကြားခဲ့တာပါ။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရပ်သားအစိုးရလက်ထက်မှာ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှာတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လက်သုံးချောင်းထောင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင် အာဏာဖီဆန်ခဲ့သူ ဖြစ်ပြီး လက်ရှိအချိန်အထိလည်း နွေဦးတော်လှန်ရေးရဲ့ နိုင်ငံတကာမျက်နှာစာမှာ ရှေ့တန်းကနေ ပါဝင်နေသူ ဖြစ်ပါတယ်။

ကုလသမဂ္ဂမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ရာထူးတာဝန်ဆက်လက်ရယူနိုင်ရေး ထောက်ခံပွဲတွေကို နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက သက်ဆိုင်ရာ နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013