
နီပေါနိုင်ငံမှာ အသေအပျောက်များတဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် တံတားတွေ ပျက်စီးသွားပြီးတဲ့နောက် အသွားအလာ ဖြတ်တောက်ခံထားရတဲ့ ရပ်ရွာတွေဆီကို ရောက်ဖို့ ရွာသားတွေဟာ စက်တင်ဘာ ၂ ရက်မှာ ထရီရှုလီမြစ်ကို ဖြတ်ကူးရေးအတွက် ဇစ်လိုင်းကို သုံးခဲ့ကြပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေက နီပေါတောင်တန်းတွေထဲက ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဥမင်တွေအတွင်း ပိတ်မိနေတယ်လို့ ယုံကြည်ရတဲ့ အလုပ်သမား အမြောက်အမြားရှိရာ ဥမင်ထဲကို ဗုဒ္ဓဟူးနေ့မှာ အပြေးအလွှား ရောက်လာခဲ့ပါတယ်။
ဒါဟာ ဟိမဝန္တာတောင်တန်းဒေသမှာ ရေကြီးအပြီး တပတ်အကြာမှာ အသက်ရှင် ကျန်ရစ်သူတွေကို ရှာတွေ့ဖို့ နောက်ဆုံး မျှော်လင့်ချက်တခုလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံနဲ့ နီပေါနယ်စပ်အနားက ရေခဲမြစ်ပြိုကျမှုကြောင့် ဖြစ်လာတဲ့ ရေကြီးမှုဟာ တောင်တန်းဒေသတလျှောက် မြို့ရွာတွေနဲ့ ချိုင့်ဝှမ်းတွေကို ပျက်စီးစေခဲ့ပါတယ်။
နီပေါရေကြီးမှုကြောင့် လူ ၁,၁၁၄ ယောက်ထက်မနည်း သေဆုံးတယ်လို့ အတည်ပြုထားပြီး အယောက် ၄,၀၀၀ နီးပါး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
Source: Reuters











