DVB Logo
Home
မြန်မာသတင်း
တောင်ကြီးတွင် ရွေးကောက်ပွဲဥပဒေဖြင့် အမျိုးသား ၁ ဦး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရ
DVB
·
September 10, 2025
တောင်ကြီးတွင် ရွေးကောက်ပွဲဥပဒေဖြင့် အမျိုးသား ၁ ဦး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရ
1 / 2
Donate to DVB

စစ်ကောင်စီက ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ (ရွေးကာဥပဒေ) နဲ့ ပထမဆုံး ဖမ်းဆီးခဲ့တဲ့ တောင်ကြီးမြို့က ကိုနေသွေးကို စက်တင်ဘာ ၉ ရက် မနက်က ပုဒ်မ ၂၃/က နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ချခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

တောင်ကြီးမြို့နယ်တရားရုံးက ကိုနေသွေးကို စတင်ရုံးထုတ်တဲ့နေ့မှာပဲ ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီးလုပ်တယ်ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ချလိုက်တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။

“တရားရုံးက စစ်တပ်က အမှုဆိုတော့ ဒီနေ့ပဲ ရုံးထုတ်တယ်၊ ဒီနေ့ အမိန့်ချပစ်တာ။ ဖမ်းတာရော အမှုတည်ဆောက်တာရော ထောင်ပို့တာရော အမိန့်ချတာရော အတော်မြန်တာ။ လူသတ်မှုတို့ လုယက်မှုတို့ မုဒိမ်းမှုတွေသာ တရားရုံးက အဲ့လောက်မြန်နေရင် အပြင်မှာ မှုခင်းရှိမှာမဟုတ်ဘူး။”

လားရှိုး ကားလုယက်မှုဖြစ်စဥ်နဲ့ “ပြည်သူတွေဆီက မဲလိုချင်ရင် ပြည်သူတွေကို ဘယ်လို အကျိုးပြုရမလဲဆိုတာ စဥ်းစား၊ အလကားနေ စောက်ဖြစ်မရှိပဲ မဲမလိုချင်နဲ့” ဆိုပြီး သြဂုတ် ၂၃ ရက်က တင်ခဲ့တဲ့ပို့စ်ကြောင့် ကိုနေသွေး အဖမ်းခံခဲ့ရတာပါ။

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ၁ ရပ်ကွက်မှာနေတဲ့ ကိုနေသွေးကို စစ်ကောင်စီ လက်အောက်ခံ ရဲတွေက သြဂုတ် ၂၅ ရက်မှာ ဖမ်းဆီးပြီး မြို့မရဲစခန်းမှာ (ပ) အမှတ် ၉၉/၂၀၂၅ ပုဒ်မ ၂၃/က နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာ ၂ ရက်အထိ ရွေးကာဥပဒေနဲ့ အမှုဖွင့်ခံထားရသူ ၃ ယောက်ရှိတယ်လို့ စက်တင်ဘာ ၅ ရက်က ပြုလုပ်တဲ့ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားသူမှန်သမျှ သေဒဏ်အထိ အမိန့်ချနိုင်တဲ့ ရွေးကာဥပဒေကို ဇူလိုင် ၂၉ ရက် ညက စစ်ခေါင်းဆောင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

ရွေးကာဥပဒေလို့ခေါ်တဲ့ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” မှာ အခန်း ၈ ခန်းနဲ့ ပုဒ်မ ၃၂ ခုရှိပြီး ထောင်ဒဏ် ၃ နှစ်ကနေ သေဒဏ်အထိ ချမှတ်နိုင်တဲ့ ပြစ်ဒဏ်တွေ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013