DVB Logo
Home
မြန်မာသတင်း
NDF အပါအဝင် ပါတီ ၄ ခုကို ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင် ကြေညာ
DVB
·
September 9, 2025
NDF အပါအဝင် ပါတီ ၄ ခုကို ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင် ကြေညာ
Donate to DVB

သတ်မှတ်ထားတဲ့ ပါတီရုံးခန်းအရေအတွက်နဲ့ ပါတီဝင်ဦးရေ မပြည့်မီတာတွေကြောင့် NDF အပါအဝင် ပါတီ ၄ ခုကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြထားတာကိုပယ်ဖျက်ပြီး ပါတီတွေကို ဖျက်သိမ်းတယ်လို့ စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၉)နဲ့ (၁၀) အရ သတ်မှတ်ရက်ဖြစ်တဲ့ စက်တင်ဘာ ၇ ရက်နေ့ အထိ ပုဒ်မ ၅ ပုဒ်မခွဲ(စ) ပါ သတ်မှတ်ပါတီဝင်ဦးရေ မပြည့်မီတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) နဲ့ ပုဒ်မ ၅ ပုဒ်မခွဲ(ဇ)ပါ ပါတီရုံးခန်း သတ်မှတ်အရေအတွက် မပြည့်မီတဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)၊ အမျိုးသမီးပါတီ(မွန်) နဲ့ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ တို့ကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(ခ)အရ  စက်တင်ဘာ ၉ ရက်နေ့ကစပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတာကို ပယ်ဖျက်ပြီး ပါတီတွေကိုဖျက်သိမ်းလိုက်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

NDF ပါတီမှာ NLD ပါတီဝင်ဟောင်းဖြစ်တဲ့ ဒေါ်စန္ဒာမင်းက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူနေပြီး ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီမှာ အထွေထွေအတွင်းရေးမှူးတာဝန်ယူခဲ့တဲ့ ဒေါက်တာမျိုးဆက်သွေးလည်း NDF ပါတီကို ရောက်ရှိနေပါတယ်။

ဒီရက်ပိုင်းမှာပဲ NDF ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက NDF ပါတီမှာ ကိုယ်စားလှယ်လောင်း လျှောက်လွှာလာတင်သူတွေ များပြားလွန်းနေလို့ ကျေးဇူးတင်ကြောင်း သူ့ရဲ့လူမှုကွန်ရက်ကနေ ရေးသားထားပါသေးတယ်။

စစ်တပ်ကပြုလုပ်မယ့် ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအနေနဲ့ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၉ ခုမှာ အခု ဖျက်သိမ်းခံရတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်) တို့ ပါဝင်ပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013