DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက် စတင်ကျင်းပမည်ဟု ကြေညာ
DVB
·
August 18, 2025
ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက် စတင်ကျင်းပမည်ဟု ကြေညာ
Donate to DVB

လွှတ်တော်အသီးသီးအတွက် ပါတီစုံအထွေထွေရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမယ်လို့ စစ်ကောင်စီ ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  ဩဂုတ် ၁၈ ရက် ဒီကနေ့ ကြေညာလိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၉(က)၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၀ ပါ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၄(ဂ) နဲ့ နည်းဥပဒေ ၁၆(က) တို့အရ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်) တနင်္ဂနွေနေ့မှာ စတင်ကျင်းပမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ဆက်လက်ကျင်းပမယ့် အပိုင်းတွေနဲ့ နေ့ရက်တွေကိုလည်း ဆက်လက် ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

စစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီ ၄၉ ပါတီရှိပြီး အဲဒီအထဲက ၉ ပါတီက တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်မှာဖြစ်ကာ ကျန်တဲ့ပါတီ ၄၀ က ပြည်နယ်တိုင်းဒေသကြီးတွေမှာပဲ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲနဲ့  စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေတွေအားလုံးဟာ တရားမဝင်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန် ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013