DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ် အခွန်စည်းကြပ်မှုတွေကြောင့် နိုင်ဂျီးရီးယားတွင် တပတ်ရစ်ကားဈေးနှုန်း မြင့်တက်
DVB
·
September 9, 2025
ထရမ့်ပ် အခွန်စည်းကြပ်မှုတွေကြောင့် နိုင်ဂျီးရီးယားတွင် တပတ်ရစ်ကားဈေးနှုန်း မြင့်တက်
Donate to DVB

နိုင်ဂျီးရီးယားနိုင်ငံ၊ လေဂေါ့စ်မြို့ရဲ့ ဘာဂါ ကားစျေးထဲမှာ အမေရိကန်နိုင်ငံ တက္ကဆက်၊ ကယ်လီဖိုးနီးယားနဲ့ တောင်ကာရိုလိုင်းနားပြည်နယ်တွေက လိုင်စင်ပြားတွေ တပ်ထားတဲ့ တပတ်ရစ်ကားတွေကို မြင်တွေ့ရပါတယ်။

ဒါဟာ အမေရိကန် တပတ်ရစ်ကားတွေ တင်သွင်းမှုကို မှီခိုနေရတဲ့ နိုင်ဂျီးရီးယား ကားဈေးကွက် အကြောင်းကို ပြောပြနေတာလည်း ဖြစ်ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံသား အများစုအတွက် ကားအသစ်စက်စက်ဝယ်ဖို့ လက်လှမ်းမမီသေးလို့ အမေရိကန်ကနေ တင်သွင်းတဲ့ ကားဟောင်းက နောက်ထပ် အကောင်းဆုံး ရွေးချယ်စရာ ဖြစ်နေတာ ကြာပါပြီ။

သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ မော်တော်ကားနဲ့ မော်တော်ယာဥ်ပစ္စည်းတွေအပေါ် ၂၅ ရာခိုင်နှုန်း စည်းကြပ်ခွန် ကောက်ခံမှုက နိုင်ဂျီးရီးယားရဲ့ ငွေကြေးမပြေလည်မှုတွေနဲ့ ပြည်တွင်း သွင်းကုန်ခွန်တွေကြောင့် စုတ်ပြတ်သတ်နေတဲ့ ကုန်သွယ်မှုအတွက် နောက်ထပ် ထိုးနှက်ချက်တခုအဖြစ် ခြိမ်းခြောက်လာနေပါတယ်။

ဒါကြောင့် အာဖရိကရဲ့ အကြီးဆုံးကားဈေးကွက်ဟာ အခုတော့ မသေချာ မရေရာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ထရမ့်ပ်ရဲ့ ကားတင်သွင်းခွန်က ဧပြီ ၃ ရက်က စတင်အသက်ဝင်ခဲ့ပြီး တချို့က နိုင်ဂျီးရီးယားလို နိုင်ငံတွေဆီ ပြန်တင်ပို့တဲ့ ကားသစ်တွေ၊ နိုင်ငံခြားလုပ်ကားတွေနဲ့ ကားဟောင်းတွေလည်း အကျုံးဝင်ပါတယ်။

နိုင်ဂျီးရီးယားဆီ တင်ပို့တဲ့ ကားဟောင်း ၆၀ ရာခိုင်နှုန်းလောက်က အမေရိကန်ကနေ လာတာလို့ အမေရိကန် နိုင်ငံတကာ ကုန်သွယ်မှု စီမံရေးဌာနက ပြောပါတယ်။

ဒါကြောင့် အမေရိကန်ကနေ တင်သွင်းတဲ့ စရိတ်စကတွေ တိုးလာရင် ဈေးနှုန်းတွေအပေါ် အကြီးအကျယ် သက်ရောက်ပါတယ်။

အာဖရိကမှာ အကြီးဆုံး တပတ်ရစ် မော်တော်ယာဉ် တင်သွင်းသူ နိုင်ဂျီးရီးယားဟာ ၂၀၂၂ ခုနှစ်မှာ တင်သွင်းခွန်နဲ့ မော်တော်ယာဉ်တွေ တင်သွင်းမှုအပေါ် ၃၅ ရာခိုင်နှုန်း စည်းကြပ်တာကို တွန်းအားပေးခဲ့ပြီး ပြည်တွင်းတပ်ဆင်မှုကို အားပေးဖို့ အဆိုတင်သွင်းခဲ့ပါတယ်။ ရှင်းလင်းရေးစရိတ်တွေ ခုန်တက်သွားလို့ ကားဈေးတွေလည်း မြင့်တက်လာခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ ဒေါ်လာ ၄,၅၆၀ နဲ့ညီမျှတဲ့ နိုင်ဂျီးရီးယားငွေ နိုင်ရာ ၇ သန်းနဲ့ ရောင်းချခဲ့တဲ့ တိုယိုတာ ကော်ရိုလာ ကားတစီးဟာ ခုတော့ နိုင်ရာငွေ ၁၅ သန်းအထိ ကုန်ကျခဲ့တယ်လို့ ကားရောင်းသူ တယောက်က ပြောပါတယ်။ အရောင်းကိုယ်စားလှယ် တော်တော်များများက ရောင်းဖို့ ရုန်းကန်နေကြရပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံဆီ အမေရိကန် မော်တော်ယာဉ် တင်ပို့မှုဟာ အစောပိုင်းနှစ်က ဒေါ်လာ ၁ ဒသမ ၀၄ ဘီလီယံကနေ ၂၀၂၄ ခုနှစ်မှာ ဒေါ်လာ သန်း ၅၈၀ ထိ ကျဆင်းသွားခဲ့တယ်လို့ စီးပွားရေး ရှုပ်ထွေးမှု လေ့လာရေးဌာန (OEC) ပလက်ဖောင်းအရ သိရပါတယ်။ အခုနှစ်မှာ ၁၈ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013