ကယ်လီဖိုးနီးယားတွင် ခွေးရေလွှာလှိုင်းစီးပြိုင်ပွဲ ကျင်းပ
DVB
·
September 8, 2025

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဒယ်လ်မာမှာ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာ ရန်ပုံငွေပွဲအဖြစ် ခွေးကလေးတွေ ရေလွှာလှိုင်းစီးပြိုင်ပွဲ ဝင်ခဲ့ကြပါတယ်။
စက်တင်ဘာ ၇ ရက်က ကျင်းပခဲ့တဲ့ Surf Dog Surf-a-Thon ပြိုင်ပွဲကို နှစ်စဉ်ကျင်းပလာတာ အကြိမ် ၂၀ မြောက် ရှိခဲ့ပြီဖြစ်ပါတယ်။
Helen Woodward Animal Center အတွက် ရန်ပုံငွေရှာဖွေပေးဖို့ ခွေးကလေးတွေနဲ့ ခွေးမိဘတွေ ပူးပေါင်းခဲ့ကြပါတယ်။
ပြိုင်ပွဲမှာ ခွေးအကောင် ၅၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး Faith ဆိုတဲ့ ခွေးကလေးက အနိုင်ရ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











