DVB Logo
Home
နိုင်ငံတကာ
ထောင်စုနှစ်မျိုးဆက်၏ ပထမဆုံး ကက်သလစ်သူတော်စင် တင်မြှောက်
DVB
·
September 8, 2025
ထောင်စုနှစ်မျိုးဆက်၏ ပထမဆုံး ကက်သလစ်သူတော်စင် တင်မြှောက်
Donate to DVB

၂၀၀၆ ခုနှစ်တုန်းက သွေးကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ ဆယ်ကျော်သက်တယောက်ကို  ထောင်စုနှစ်မျိုးဆက်ရဲ့ ပထမဆုံး ကက်သလစ်သူတော်စင်အဖြစ် ကမ္ပည်းတင် ဂုဏ်ပြုတဲ့ အခမ်းအနားကို စက်တင်ဘာ ၇ ရက်က ကျင်းပခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးကိုယ်တိုင် ကြီးမှူးကျင်းပတဲ့ ဒီပွဲကို နိုင်ငံအများအပြားက သက်ဝင်ယုံကြည်သူ လူငယ် အယောက် ၇၀,၀၀၀ လောက် တက်ရောက်ခဲ့ပါတယ်။

၁၉၈၁ ကနေ ၁၉၉၆ အတွင်း မွေးဖွားသူတွေဖြစ်ပေမဲ့ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ လူလားမြောက်သူတွေ ဖြစ်တဲ့အတွက် ထောင်စုနှစ်ဖွား (millennial) လို့ ခေါ်ဝေါ်တာဖြစ်ပြီး Generation Y လို့လည်းခေါ်တဲ့ မျိုးဆက်ဖြစ်ပါတယ်။

ဗြိတိန်မှာမွေးတဲ့ အီတလီလူငယ် ကာလိုးအကူးတိစ်ဟာ ကက်သလစ်သာသနာ ပြန့်ပွားရေး နည်းလမ်းတခုအနေနဲ့ “အံ့ဖွယ်” ဖြစ်ရပ်တွေကို မှတ်တမ်းတင်တဲ့ ဝက်ဘ်ဆိုက်တွေ ဖန်တီးခဲ့သူ ဖြစ်ပါတယ်။

အသက် ၁၅ နှစ်အထိပဲ နေခဲ့ရပေမဲ့ သူ့ကြိုးပမ်းမှုတွေကြောင့် God's Influencer လို့ ထင်ရှားခဲ့သူ ဖြစ်ပါတယ်။

အင်တာနက်ခေတ်မှာ ကက်သလစ်သာသနာပြန့်ပွားရေး ဝက်ဘ်ဆိုက် ရေးနိုင်ဖို့အတွက် computer code တွေ လေ့လာခဲ့သူ၊ နင်တန်းဒိုးဂိမ်းစက်နဲ့ စူပါမာရီယိုဂိမ်းတွေ ကစားရတာ ကြိုက်သူ အကူးတိစ်ရဲ့ ဇာတ်လမ်းဟာ ကက်သလစ်ဘာသာ လူငယ်တွေအကြား ပြန့်ပွားရေးအတွက် အထူးအရေးပါတဲ့ ဖြစ်စဉ်လည်း ဖြစ်ပါတယ်။

သူတော်စင်အဖြစ် အသိအမှတ်ပြုဖို့အတွက် အဲဒီပုဂ္ဂိုလ်ကို ရည်စူးဆုတောင်းသူတွေအတွက် ထူးခြားတဲ့ အံ့ဖွယ်ဖြစ်စဉ်နှစ်ခု မှတ်တမ်းရှိဖို့ လိုအပ်ပါတယ်။

ဒါကြောင့် အဲဒီလို မှတ်တမ်းတင်နိုင်ခဲ့အပြီး ဧပြီလမှာ သူတော်စင်စာရင်းသွင်းဖို့ စီစဉ်ထားပေမဲ့ ပုပ်ရဟန်းမင်း ဖရန်စစ် ကွယ်လွန်သွားတာကြောင့် အချိန်နောက်ဆုတ်ခဲ့ရတာ ဖြစ်ပါတယ်။

ကာလိုးအကူးတိစ်ရဲ့ ရုပ်ကလာပ်ကို ဖယောင်းနဲ့ မပုပ်မသိုးအောင် ထားရှိတဲ့ အီတလီနိုင်ငံ၊ အဆီဆီမြို့ကို လာရောက်ဂါရဝပြုသူ ၁ သန်းကျော်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013