DVB Logo
Home
နိုင်ငံတကာ
ပုပ်ရဟန်းမင်းကြီး ဆက်လက်ဝေဖန်နေသဖြင့် ဂျီးဆပ်နှင့်ပုံကို ဆိုရှယ်မီဒီယာတွင် ထရမ့်ပ်တင်
DVB
·
April 16, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဂျီးဆပ်က သူ့ကိုပွေ့ဖက်ထားတဲ့ AI ပုံတပုံကို ဆိုရှယ်မီဒီယာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တင်ထားပါတယ်။

ဒါဟာ ဂျီးဆပ်နဲ့ပုံစံတူ AI ပုံကြောင့် ဝေဖန်မှုတွေခံရပြီးနောက်ပိုင်း ၂ ရက်အကြာမှာ ပို့စ်အသစ် ထပ်တင်ထားတာပါ။

အဲဒီပုံမှာ ထရမ့်ပ်က မျက်လုံးပိတ်ထားပြီး ဂျီးဆပ်နဲ့ ခေါင်းချင်းထိနေကာ မိုက်ကရိုဖုန်းနောက်မှာ ရပ်နေတဲ့ပုံ ဖြစ်ပါတယ်။

အဲဒီပုံနောက်မှာ အမေရိကန်အလံတခုပါဝင်ပြီး ပုံကိုညွှန်းဆိုတဲ့ စာသားလည်း ပါဝင်တာ တွေ့ရပါတယ်။

“ကျနော်ဟာ ဘယ်တုန်းကမှ ဘာသာရေး အရမ်းကိုင်းရှိုင်းတဲ့သူတယောက် မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလိုပုံစံမျိုးလည်း မဟုတ်ပါဘူး။ စေတန်၊ မကောင်းဆိုးဝါးတွေ၊ ကလေးတွေကို ယဇ်ပူဇော်တဲ့ မကောင်းဆိုးဝါးတွေ အားလုံးရှိနေချိန်မှာ God က (Trump) အနိုင်ကတ်နဲ့ ကစားရမှာပါ” ဆိုတဲ့ စာသားကို ရေးထားတာ ဖြစ်ပါတယ်။

အဲဒီဓာတ်ပုံက AI နဲ့ ဖန်တီးထားတဲ့ပုံဖြစ်တဲ့အကြောင်း ရိုက်တာက အတည်ပြုထားပြီး ကြယ်တွေ၊ လက်ချောင်းတွေ၊ အဝတ်အစားတွေ၊ အရိပ်တွေက သဘာဝပုံရိပ်တွေနဲ့ မတူညီဘူးလို့ ဖော်ပြပါတယ်။

အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး အမေရိကန်မှာ မွေးဖွားတဲ့ ကက်သလစ်ဘာသာဝင်တွေရဲ့ခေါင်းဆောင် ပုပ် လီယိုနဲ့ ထရမ့်ပ်တို့ အပြန်အလှန်ဝေဖန်မှုတွေ ဖြစ်ပွားပြီးနောက် အခုလို AI ပုံတွေ ဆိုရှယ်မီဒီယာမှာ တင်ခဲ့တာပါ။

ပုပ်လီယိုကလည်း ထရမ့်ပ်အစိုးရအဖွဲ့ကို ကြောက်ရွံ့နေမှာ မဟုတ်ဘဲ ပြောသင့်တာတွေ ဆက်ပြီး ပြောမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ချာ့ချ်ကျောင်းပုံမှန်မတက်တဲ့ ထရမ့်ပ် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာက ကက်သလစ်တွေ အပါအဝင် ခရစ်ယာန်မဲပေးသူတွေက အဓိကမဲဆန္ဒရှင်တွေ ဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013