DVB Logo
Home
နိုင်ငံတကာ
ခင်ပွန်းဟောင်းမိသားစုအား မှိုအဆိပ်ခတ်သတ်သည့် ဩစတြေးလျအမျိုးသမီးကို ထောင်ဒဏ် တသက် ချမှတ်
DVB
·
September 8, 2025
ခင်ပွန်းဟောင်းမိသားစုအား မှိုအဆိပ်ခတ်သတ်သည့် ဩစတြေးလျအမျိုးသမီးကို ထောင်ဒဏ် တသက် ချမှတ်
Donate to DVB

ခင်ပွန်းဟောင်းရဲ့ မိဘနှစ်ပါးနဲ့ ယောင်းမဖြစ်သူကို မှိုအဆိပ်ခတ်သတ်ခဲ့သူ အီရင်ပက်တာဆင်ကို ထောင်ဒဏ်တသက် ချမှတ်ဖို့ တရားသူကြီးက အမိန့်ချလိုက်ပါတယ်။

ပက်တာဆင်မှာ အပြစ်ရှိကြောင်း ဂျူရီအဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ကျခံရမယ့် ပြစ်ဒဏ်ပမာဏကိုတော့ တရားသူကြီးက စက်တင်ဘာ ၈ ရက်နေ့မှာမှ အမိန့်ချခဲ့တာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်တုန်းက ယောက္ခမ၊ ယောင်းမနဲ့ ယောင်းမရဲ့ ခင်ပွန်းဖြစ်သူကို မိသားစုနေ့လယ်စာ တည်ခင်းဧည့်ခံခဲ့ရာမှာ ဝယ်လင်တန်အမည်းသားဟင်းမှာ သေစေနိုင်တဲ့အထိ အဆိပ်ပြင်းတဲ့ death cap မှိုထည့်ပြီး ကျွေးမွေးခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာ ၄ ယောက်လုံး အသည်းကို ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တာကြောင့် ဆေးရုံတင်ခဲ့ရပြီး  ယောင်းမရဲ့ ခင်ပွန်း‌တယောက်တည်းသာ အသက်ရှင်ခဲ့ပါတယ်။

ထောင်ဒဏ်တသက်မှာမှ အနည်းဆုံး လျှော့ရက်မရှိ ၃၃ နှစ် ကျခံရမှာဖြစ်ပြီး ဒါဟာ ဩစတြေးလျသမိုင်းမှာ အမျိုးသမီးတယောက်ကို အမြင့်ဆုံးချတဲ့ပြစ်ဒဏ် ဖြစ်လာပါတယ်။

တရားခံဟာ ခင်ပွန်းသည်ရဲ့ မိသားစုတွေကို အဆိပ်ခတ်သတ်ခဲ့အပြီးမှာ စာနာသနားပုံတောင် မပြသခဲ့ဘူးလို့ တရားသူကြီးက ကောက်ချက်ချပါတယ်။

သတ်ဖြတ်ဖို့အတွက် သေသေချာချာစီစဉ်ခဲ့တာ၊ ကျူးလွန်ခဲ့မှုအတွက် နောင်တရပုံ မပေါ်တာတွေကြောင့် အခုလို ရှည်လျားတဲ့ ပြစ်ဒဏ်ချမှတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ တရားသူကြီး ခရစ်စတိုဖာဘီးလ်က ပြောပါတယ်။

ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေဟာ အဘိုးအဘွားတွေကို ဆုံးရှုံးခဲ့ရတဲ့ တရားခံရဲ့ သားသမီးတွေ ကိုယ်တိုင် အပါအဝင် နှစ်ဖက်မိသားစုတွေအပေါ်မှာ ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တယ်လို့ တရားသူကြီးက ကောက်ချက်ချပါတယ်။

ပက်တာဆင်ကို သူ့လုံခြုံရေးအတွက်ပါ ရည်ရွယ်ပြီးတော့ ဆက်လက် တိုက်ပိတ်ထားရှိမှာဖြစ်ပြီး နှစ်နဲ့ချီပြီး သီးခြားတိုက်ပိတ်ခံရနိုင်တယ်လို့ တရားသူကြီးက ဆုံးဖြတ်ပါတယ်။

ထောင်ဒဏ် ၃၃ နှစ် ကျခံပြီးချိန် အသက် ၈၂ နှစ်အရွယ်ရောက်မှ လွှတ်ပေး၊ မပေး ပြန်လည်ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဩစတြေးလျသမိုင်းမှာ လျှော့ရက်မရှိ တသက်တကျွန်းပြစ်ဒဏ်ကျခံရသူ အမျိုးသမီးတယောက်သာ ရှိခဲ့ဖူးပါတယ်။ ဩစတြေးလျမှာ သေဒဏ်ပြစ်ဒဏ် ချမှတ်မှုကို ဖျက်သိမ်းထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013