DVB Logo
Home
နိုင်ငံတကာ
အိမ်ဖြူတော်ညစာစားပွဲ၌ သမ္မတထရမ့်ပ်ကို နည်းပညာခေါင်းဆောင်များ ချီးကျူး
DVB
·
September 7, 2025
အိမ်ဖြူတော်ညစာစားပွဲ၌ သမ္မတထရမ့်ပ်ကို နည်းပညာခေါင်းဆောင်များ ချီးကျူး
Donate to DVB

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်အစိုးရအဖွဲ့ရဲ့ ဉာဏ်ရည်တု (AI) မူဝါဒနဲ့ စီးပွားရေး ရပ်တည်ချက်တွေကို နည်းပညာခေါင်းဆောင်တွေက ချီးကျူးခဲ့ပါတယ်။

ထရမ့်ပ်က နည်းပညာကုမ္ပဏီကြီးတွေရဲ့ အမှုဆောင် ၂ ဒါဇင်ကျော်ကို အိမ်ဖြူတော်မှာ ညစာကျွေးမွေးခဲ့တာဖြစ်ပြီး ဖိတ်ကြားခဲ့တဲ့အထဲမှာ Meta တည်ထောင်သူ မာ့ဇ်ဇူကာဘတ်၊ OpenAI CEO ဆမ်အော့မန်၊ Google အမှုဆောင် ဆွန်းဒါးပချိုင်းနဲ့ ဆာဂေးဘရိန်း စသူတွေ ပါဝင်ပါတယ်။

မာ့ခ်ဇူကာဘတ်က အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမားပြုမှုအဖြစ် ၂၀၂၈ ခုနှစ်မှာ ဒေတာစင်တာနဲ့ ဆန်းသစ်တီထွင်မှုတွေ ပြုလုပ်ဖို့ ဒေါ်လာ ဘီလီယံ ၆၀၀ ရင်းနှီးမြှုပ်နှံမယ်လို့ ထရမ့်ပ်ကို ပြောပါတယ်။

ဘရိန်းနဲ့ ပချိုင်းတိုကလည်း အစိုးရဟာ AI ပေါ်လစီနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ဆက်ဆံရေး ရှိတယ်လို့ ပြောခဲ့ပါတယ်။

Microsoft CEO တွေကလည်း နည်းပညာကို ယုံကြည်တာနဲ့ လုပ်သားလေ့ကျင့်မှုတွေကို စိတ်ဝင်စားတဲ့  ထရမ့်ပ်ကို ချီးကျူးခဲ့ပါတယ်။

တင်ကွတ်ကတော့ Apple ဟာ အစိုးရရဲ့ စီးပွားရေးမူဝါဒတွေကြောင့် အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ပါတယ်လို့ ပြောခဲ့သလို ဆမ်အော့မန်ကတော့ ပရိုစီးပွားရေးသမား၊ ပရိုဆန်းသစ်မှုသမ္မတလို့ ချီးကျူးခဲ့ပါတယ်။ 

Oracle CEO ဆာဖရာကတ်က ထရမ့်ပ်က AI ရဲ့စွမ်းရည်တွေကို အသိအမှတ်ပြုပေးခဲ့တာကြောင့် အမေရိကန်ရဲ့ ဆန်းသစ်တီထွင်မှုနဲ့ ဖန်တီးနိုင်မှုတွေပွင့်လင်းလာတာ မယုံကြည်နိုင်စရာကောင်းတယ်လို့ ပြောဆိုခဲ့ပါတယ်။

ထရမ့်ပ်နဲ့ ဆီလီကွန်တောင်ကြားက နည်းပညာသမားတွေရဲ့ ဆက်ဆံရေးဟာ အဖုအထစ်တွေရှိခဲ့ပေမဲ့ ၂၀၂၄ ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် ဆက်ဆံရေးပြန်လည်ကောင်းမွန်လာတာကို ဒီညစာစားပွဲက ဖော်ပြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013