DVB Logo
Home
မြန်မာသတင်း
ကိုရီးယား တကြော့ပြန်လုပ်သားများအတွက် EPS အထူးစာမေးပွဲကျင်းပမည်
DVB
·
September 6, 2025
ကိုရီးယား တကြော့ပြန်လုပ်သားများအတွက် EPS အထူးစာမေးပွဲကျင်းပမည်
Donate to DVB

တောင်ကိုရီးယားနိုင်ငံမှာ သွားရောက်လုပ်ကိုင်ခဲ့ဖူးတဲ့ အလုပ်သမားတွေ နောက်တကြိမ် သွားရောက်လုပ်ကိုင်နိုင်မယ့် Special EPS-TOPIK စာမေးပွဲကို ကျင်းပသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က ကြေညာပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အနည်းဆုံး ၃ နှစ်အထက်လုပ်ကိုင်ခဲ့ဖူးပြီး မြန်မာနိုင်ငံကို ၂၀၁၀ ဇန်နဝါရီ ၁ ရက်နောက်ပိုင်း ပြန်လည်ရောက်ရှိခဲ့သူတွေ နောက်တကြိမ် ပြန်လည်သွားရောက်လုပ်ကိုင်နိုင်ဖို့အတွက် ရည်ရွယ်ပြုလုပ်တာလို့ ဆိုပါတယ်။

အဲဒီစာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရှိတဲ့ လုပ်သားဟောင်း ၆၀၀၀ နီးပါးရှိပြီး ဆန္ဒရှိမှ ဖြေဆိုခွင့်လျှောက်ထားဖို့ POEA က အသိပေးထားပါတယ်။

Special EPS-TOPIK စာမေးပွဲဖြေဆိုခွင့်အတွက် အွန်လိုင်းကနေ စက်တင်ဘာ ၂၂ နဲ့ ၂၃ ရက်တို့မှာ လျှောက်ရမှာဖြစ်ပြီး အောက်တိုဘာ ၂၂ ကနေ ၂၄ ရက်အထိ စာမေးပွဲကျင်းပမယ်လို့ ဆိုပါတယ်။

အခုလို စာမေးပွဲကျင်းပတာကြောင့် လုပ်သားဟောင်းတွေအတွက် အခွင့်အရေးပြန်ရတာဖြစ်လို့ ဝင်ဖြေသူများနိုင်တယ်လို့ အဲဒီလုပ်ငန်းနဲ့နီးစပ်သူတွေက ဆိုပါတယ်။

ကိုရီးယားဘာသာသင်တန်း နည်းပြတယောက်က “တဖက်က ကိုယ်လုပ်ခဲ့ဖူးတဲ့ အလုပ်ရှင်နဲ့ အဆက်အသွယ်ရှိတဲ့သူဆိုရင် ပြန်သွားရဖို့အတွက် အခွင့်အရေးများတယ်။ ပြန်ထွက်ချင်တဲ့သူတွေက ဒီကာလမှာ ပိုများနေတာ” လို့ ပြောပါတယ်။

လက်ရှိ EPS စာမေးပွဲ အောင်ထားပြီး အလုပ်ခေါ်စာစောင့်နေရသူ အများအပြား ကျန်ရှိနေချိန်မှာ တကြော့ပြန်လုပ်သားတွေအတွက် စာမေးပွဲထပ်လုပ်တာကြောင့် ထွက်ခွာခွင့်ရဖို့ အခွင့်အလမ်းနည်းသွားမှာကို စိုးရိမ်ရတယ်လို့လည်း ကိုယ်တိုင်စောင့်ဆိုင်းနေသူတချို့က ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ EPS စနစ်နဲ့ မြန်မာလုပ်သား ၇၀,၀၀၀ ကျော် လုပ်ကိုင်နေပြီး ဒီနှစ်ကစလို့ အမျိုးသမီးလုပ်သားတွေကိုလည်း သွားရောက်ခွင့်ပြုထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013