DVB Logo
Home
မြန်မာသတင်း
AA ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးရန် ရိုဟင်ဂျာအဖွဲ့က အာဂျင်တီးနားတရားရုံးကို တောင်းဆို 
DVB
·
September 4, 2025
AA ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးရန် ရိုဟင်ဂျာအဖွဲ့က အာဂျင်တီးနားတရားရုံးကို တောင်းဆို 
Donate to DVB

အာရက္ခတပ်တော် (AA) ခေါင်းဆောင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်း(BROUK) က အာဂျင်တီးနားတရားရုံးဆီ စက်တင်ဘာ ၃ ရက်စွဲနဲ့ တောင်းဆိုလိုက်ပါတယ်။ 

ဒီတောင်းဆိုမှုမှာတော့ AA စစ်ဦးစီးချုပ် အပါအဝင် ဒု-ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်နဲ့ တခြားအရာရှိအဆင့်ဆင့်ကိုပါ ဖမ်းဝရမ်းထုတ်ပေးဖို့ တောင်းဆိုလိုက်တာဖြစ်ကာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အကျယ်အဝန်းကို ချဲ့ထွင်ဖို့ တောင်းဆိုတာလို့ BROUK အဖွဲ့ကဆိုပါတယ်။ 

မြန်မာရိုဟင်ဂျာအဖွဲ့အစည်း(BROUK) ဥက္ကဋ္ဌဦးထွန်းခင်က “မြန်မာနိုင်ငံမှာ ဆယ်စုနှစ်နဲ့ ချီပြီး နိုင်ငံတဝန်း လူမျိုးတုံးသတ်ဖြတ်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ ရိုဟင်ဂျာတွေအပေါ် ခုလို ရက်စက်ကြမ်းကြုတ်မှုတွေက စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်တယ်ဆိုတာ မေးခွန်းထုတ်စရာမရှိပါဘူး။ Non State Actor အဖွဲ့အစည်းဖြစ်တဲ့ AA ဟာလည်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ရှောင်ကြဉ်ဖို့ မြန်မာစစ်တပ်နဲ့ ထပ်တူ တာဝန်ရှိပါတယ်” လို့ ပြောပါတယ်။

ဒီအမှုကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက BROUK အဖွဲ့က တရားလို လုပ်ပြီး ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အာဂျင်တီးနားတရားရုံးမှာ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုတိုင်ကြားရာမှာ ပြစ်မှုကျူးလွန်သူတွေအဖြစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ အပြင် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာရွာတရွာကို တိုက်ခိုက်ခဲ့ရာမှာ အဓမ္မပြု ကျင့်တာ၊ သတ်ဖြတ်တာတွေကို တိုက်ရိုက်ကျူးလွန်ခဲ့ကြတဲ့ အဆင့်နိမ့်အရာရှိတွေ လည်း ပါဝင်နေကာ အခုနှစ် ဖေဖော်ဝါရီလတုန်းကတော့ ဗျူနိုအေးရိစ်ဖက်ဒရယ်တရားရုံးကနေ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်နေသူ ၂၅ ဦးကို ဖမ်းဝရမ်းထုတ်ထားခဲ့တာ ဖြစ်ပါတယ်။

ခုနောက်ထပ် စွဲချက်တင်ရာမှာတော့ BROUK အဖွဲ့အနေနဲ့ မကြာသေးမီက AA အဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ပတ်သက်ပြီးတော့ သက်သေ ၅  ယောက် ကို ထပ်မံတင်သွင်းထားခဲ့တာပါ။

“အာဂျင်တီးနား တရားစီရင်ရေးက ကမ္ဘာပေါ်မှာ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး တရားစီရင်ပိုင်ခွင့်ရှိတဲ့ တခုတည်းသော အမှုကို ဆောင်ရွက်ပြီးတော့ သတ္တိရှိရှိ ရှင်းလင်းပြတ်သားမှုကို ပြသထားပြီးသားပါ။ အခုလက်ရှိ စုံစမ်းစစ်ဆေးနေတဲ့ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုအပေါ် AA ရဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လျစ်လျူရှုမထားကြောင်း သေချာစေဖို့ တရားရုံးကို ကျနော်တို့ တောင်းဆိုနေပါတယ်။ မျိုးတုံးပျောက်ကွယ်တော့မယ့် ရိုဟင်ဂျာတွေအတွက် နိုင်ငံတကာအသိုက်အဝန်းက နှုတ်ဆိတ် နေနေတာကြောင့် တရားမျှတမှုတွေ အရင်ကထက် ပိုလိုအပ်နေပါတယ်” လို့လည်း ဦးထွန်းခင်က ပြောပါတယ်။

အာရက္ခတပ်တော် (AA)က လက်ရှိ ရခိုင်ပြည်နယ် တခုလုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားကာ အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။  စစ်ကောင်စီတပ်နဲ့အတူ တပ်သားအဖြစ် စုဆောင်းခံရတဲ့  ရိုဟင်ဂျာတွေလည်း ပူးပေါင်းပါဝင်တိုက်ခိုက်နေတာ ရှိပါတယ်။ 

Source : BROUK

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013