
နက်စ်တယ်လ် (Nestle) ကုမ္ပဏီဟာ သူ့ရဲ့ စီအီးအို လူဟုံဖရစ်ရှီကို လက်အောက်ငယ်သား ဝန်ထမ်းတယောက်နဲ့ အချစ်ရေးဆိုင်ရာ ဆက်ဆံရေးကို ထုတ်ပြောဖို့ ပျက်ကွက်တဲ့အတွက် ရာထူးကနေ ဖယ်ရှားခံရပြီး တနှစ်အကြာမှာ ကုမ္ပဏီကနေ ထုတ်ပယ်လိုက်တယ်လို့ ဆွစ်ဇာလန် အစားအစာကုမ္ပဏီကြီးက စက်တင်ဘာ ၁ ရက်မှာ ပြောပါတယ်။
ကစ်ကတ်ကနေ နက်စ်ကွစ်ခ်အထိ ထုတ်ကုန်တွေကိုထုတ်တဲ့ နက်စ်တယ်လ်ဟာ ဖရစ်ရှီကို ဆက်ခံသူအဖြစ် နက်စ်ပရက်စ်ဆို ကော်ဖီယူနစ်ကို ဦးဆောင်ခဲ့တဲ့ ဝါရင့်အတွင်းဝန် ဖိလစ်ပ် နာ့ဗ်ရတ်တယ်ကို ခန့်အပ်ထားတယ်လို့ ပြောပါတယ်။
ပြိုင်ဆိုင်မှုပြင်းထန်တဲ့ စားသုံးသူပတ်ဝန်းကျင်နဲ့ ကုန်သွယ်မှုအခွန်အခတွေအတွက် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုကြားမှာ နက်စ်တယ်လ်ကုမ္ပဏီအတွက် တုန်လှုပ်ချောက်ချားစရာ စီအီးအို အပြောင်းအလဲဟာ ပိုမတည်မငြိမ် ဖြစ်စေတာပါ။
နက်စ်တယ်လ်ရဲ့ ကာလရှည်ကြာ ဥက္ကဋ္ဌ ပေါလ်ဘာ့ချ်ဟာ လာမယ့်နှစ်မှာ ရာထူးကနေ ဆင်းမယ်လို့ ကုမ္ပဏီက ဇွန်လမှာ ကြေညာခဲ့ပါတယ်။
စီအီးအို ဖရစ်ရှီ ကုမ္ပဏီက ထွက်တာဟာ အလွတ်တန်း ဦးဆောင်ဒါရိုက်တာ ပါဘလို အစ္စလာနဲ့ ဥက္ကဋ္ဌ ပေါလ်ဘာ့ချ်တို့ ကြီးကြပ်တဲ့ စုံစမ်းစစ်ဆေးမှုအပြီးမှာ ကုမ္ပဏီရဲ့ စီးပွားရေးကျင့်ဝတ်ကို ဖောက်ဖျက်တဲ့ တိုက်ရိုက်လက်အောက်ငယ်သားတယောက်နဲ့ တိတ်တိတ်ပုန်း အချစ်ရေး ဆက်ဆံရေးကြောင့်လို့ နက်စ်တယ်လ်က ပြောပါတယ်။
“ဒါဟာ လိုအပ်တဲ့ ဆုံးဖြတ်ချက်ပါပဲ” လို့ နက်စ်တယ်လ်ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။ “နက်စ်တယ်လ်ရဲ့ တန်ဖိုးတွေနဲ့ အုပ်ချုပ်မှုဟာ ကျနော်တို့ကုမ္ပဏီရဲ့ ခိုင်မာတဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်။ နှစ်ပေါင်းများစွာ ဝန်ဆောင်မှုပေးခဲ့တဲ့ စီအီးအို လောရန့် ဖရစ်ရှီကို ကျေးဇူးတင်ပါတယ်” လို့ ဥက္ကဋ္ဌ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
“ကျနော်တို့က ဗျူဟာလမ်းကြောင်းကို မပြောင်းလဲသလို စွမ်းဆောင်ရည်အပေါ် အရှိန်အဟုန်မပျက်ဘဲ ဆက်ရှိသွားမယ်” လို့လည်း နက်စ်တယ်လ်ကုမ္ပဏီအကြီးအကဲက ပြောပါတယ်။
Source: Reuters










