
တောင်ကိုရီးယား အင်တာနက်ကုမ္ပဏီကြီးဖြစ်တဲ့ Naver ရဲ့ စီးအီးအိုဟောင်း ဟန်ဆုန်းဆုခ်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ တောင်ကိုရီးယားလွှတ်တော်က ဇွန် ၃၀ ရက်မှာ အတည်ပြုလိုက်ပြီး ဒါဟာ နှစ်ပေါင်း ၂၀ အတွင်း တောင်ကိုရီးယားရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်လည်း ဖြစ်လာမှာပါ။
ဟန်ဆုန်းဆုခ်ဟာ လက်ရှိ သမ္မတ အီဂျယ်မြောင်ရဲ့ အစိုးရအဖွဲ့အောက်မှာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းဆိုင်ရာ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။
ဝန်ကြီးချုပ်သစ် ဟန်ဆုန်းဆုခ်ဟာ နိုင်ငံရဲ့ AI နည်းပညာကဏ္ဍ အသွင်ကူးပြောင်းရေးကို ဦးဆောင်သွားလိမ့်မယ်လို့ မျှော်လင့်ရကြောင်း တောင်ကိုရီးယား သမ္မတရုံး အရာရှိချုပ် ဂန်ဟွန်းဆစ် က အခုလ အစောပိုင်းမှာ ပြောပါတယ်။
တောင်ကိုရီးယားရဲ့ သမ္မတစနစ်အောက်မှာတော့ ဝန်ကြီးချုပ်ရာထူးဟာ လုပ်ပိုင်ခွင့်သိပ်မရှိဘဲ အုပ်ချုပ်ရေးနဲ့ အခမ်းအနားဆိုင်ရာ တာဝန်တွေကိုပဲ အဓိက လုပ်ဆောင်ရတာ ဖြစ်ပါတယ်။
Source: Reuters










