DVB Logo
Home
နိုင်ငံတကာ
ဆူဒန်တွင် ရွာလုံးကျွတ်မြေပြိုမှုကြောင့် သေဆုံးသူ ၁,၀၀၀ ထက်မနည်းရှိ
DVB
·
September 2, 2025
ဆူဒန်တွင် ရွာလုံးကျွတ်မြေပြိုမှုကြောင့် သေဆုံးသူ ၁,၀၀၀ ထက်မနည်းရှိ
Donate to DVB

ဆူဒန်နိုင်ငံအနောက်ပိုင်း ဝေးလံခေါင်သီတဲ့ မာရာတောင်တန်းဒေသမှာ ရွာလုံးကျွတ် မြေပြိုမှုကြောင့် သေဆုံးသူ ၁,၀၀၀ ထက်မနည်း ရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ ဆူဒန်လွတ်မြောက်ရေးလှုပ်ရှားမှု/ဆူဒန်လွတ်မြောက်ရေးတပ်မတော် (SLM/SLA) က ထုတ်ပြန်ပါတယ်။

ရက်နဲ့ချီ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ဩဂုတ် ၃၁ ရက်က မြေပြိုမှုကြီး ဖြစ်ပွားခဲ့တာကြောင့် တာရာဆင်ရွာ တခုလုံး ပြားပြားဝပ်သွားပြီး အသက်ရှင်ကျန်ရစ်သူ တယောက်တည်း ကျန်ခဲ့တယ်လို့ SLM/SLA က ထုတ်ပြန်ပါတယ်။

SLM/SLA အဖွဲ့က ကုလသမဂ္ဂနဲ့ တခြား ဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

ဆူဒန်စစ်တပ်နဲ့ အရန်တပ်ဖြစ်တဲ့ RSF (Rapid Support Forces) တပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ မြောက်ဒါဖာပြည်နယ်က ဒေသခံအများအပြားဟာ ဒီမာရာတောင်တန်းဒေသမှာ ခိုလှုံနေကြတာပါ။

၂၀၂၃ ဧပြီလက စခဲ့တဲ့ ဒီနှစ်ဖွဲ့ရဲ့  ပြည်တွင်းစစ်ကြောင့် တိုင်းပြည်ဟာ အငတ်ဘေးဆိုက်နေပါတယ်။

အနောက်ဒါဖာဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။

ပြည်တွင်းစစ်ကြောင့် သေဆုံးသူ တသိန်းခွဲလောက်ရှိနိုင်ပြီး လူ ၁၂ သန်းလောက်ကတော့ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

မြေပြိုမှုဖြစ်ခဲ့တဲ့နေရာကို ထိန်းချုပ်ထားတဲ့ SLM/SLA တပ်ဖွဲ့တွေဟာ ပြည်တွင်းစစ်မှာ ဆူဒန်စစ်တပ်နဲ့ လက်တွဲသွားမယ်လို့ ကတိပြုထားပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013