DVB Logo
Home
နိုင်ငံတကာ
ပါလက်စတိုင်းကို အသိအမှတ်ပြုပြီး အစ္စရေးအပေါ် အရေးယူမည်ဟု ဘယ်လ်ဂျီယမ် အတည်ပြု
DVB
·
September 2, 2025
ပါလက်စတိုင်းကို အသိအမှတ်ပြုပြီး အစ္စရေးအပေါ် အရေးယူမည်ဟု ဘယ်လ်ဂျီယမ် အတည်ပြု
Donate to DVB

လာမယ့် စက်တင်ဘာ ၂၂ ရက်မှာ ကျင်းပသွားမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) အတွင်း ဘယ်လ်ဂျီယမ်က ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး မက်ဆင်းမ် ပရတ်ဗို့က အတည်ပြုပါတယ်။

ဘယ်လ်ဂျီယမ်နိုင်ငံရဲ့ ဒုဝန်ကြီးချုပ်လည်းဖြစ်တဲ့ ပရတ်ဗို့ဟာ “အစ္စရေးအစိုးရအပေါ်  ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေပါ ချမှတ်သွားမယ်” ဆိုပြီး X လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

ဒါပေမဲ့လည်း ဂါဇာဒေသက ဓားစာခံ တယောက်မကျန် ပြန်လည်လွတ်မြောက်ပြီး “ပါလက်စတိုင်းကို စီမံခန့်ခွဲတဲ့နေရာမှာ ဟားမတ်စ်ရဲ့ အခန်းကဏ္ဍ လုံး၀မရှိတော့မှသာ” တရားဝင် အသိအမှတ်ပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကုလညီလာခံ ကျင်းပချိန်အတွင်း ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုမယ့် အစည်းအဝေးကို ပြင်သစ်နဲ့ ဆော်ဒီအာရေဗျတို့က ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

တချိန်တည်းမှာ ဩစတြေးလျ၊ ကနေဒါနဲ့ ဗြိတိန်တို့ကလည်း ပါလက်စတိုင်းနိုင်ငံကို တောင်းဆိုချက် တချို့နဲ့ အသိအမှတ်ပြုဖို့အတွက် စီစဉ်လျက်ရှိပါတယ်။

ဒါကြောင့် အစ္စရေးနဲ့ အမေရိကန်ဘက်က အသိအမှတ်ပြုဖို့ လုပ်ဆောင်နေတဲ့ နိုင်ငံတွေကို အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။​

ကုလသမဂ္ဂရုံးချုပ်ဟာ နယူးယောက်မြို့မှာ အခြေစိုက်တဲ့အလျောက် အထွေထွေညီလာခံမတိုင်ခင် ပါလက်စတိုင်း တာဝန်ရှိသူတွေရဲ့ ဗီဇာကို ငြင်းပယ်ပြီး ရုပ်သိမ်းသွားမယ်လို့ ထရမ့်ပ် အစိုးရအဖွဲ့က ​သတိပေးထားပါတယ််

အဲဒီနောက် ကုလနောက်ခံပြု စောင့်ကြည့်ရေး အဖွဲ့တခုဟာ ဂါဇာမြောက်ပိုင်းမှာ ငတ်မွတ်ခေါင်းပါးနေပြီ ဖြစ်ကြောင်း သြဂုတ် ၂၂ ရက်မှာ တရားဝင် ကြေညာခဲ့ပါတယ်။

စက်တင်ဘာလကုန်ရောက်ရင် ဒီအငတ်ဘေးက ဂါဇာအလယ်ပိုင်းနဲ့ တောင်ပိုင်းကိုပါ ကူးစက် ပျံ့နှံ့သွားနိုင်တယ်လို့ သတိပေးထားပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လမှာလည်း ဘယ်လ်ဂျီယမ်အစိုးရ ရှေ့နေတွေက စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ အစ္စရေးစစ်သား ၂ ယောက်နဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ကို တိုင်ကြားချက် လွှဲပြောင်းပေးခဲ့ပါတယ်။

ဒီနှစ် ဧပြီလအထိ ကုလအဖွဲ့ဝင် စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းရှိတဲ့ ၁၄၇ နိုင်ငံက ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုထားပြီး ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013