DVB Logo
Home
နိုင်ငံတကာ
ဆီးရီးယားက ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် ရေနံစိမ်းတင်ပို့
DVB
·
September 2, 2025
ဆီးရီးယားက ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် ရေနံစိမ်းတင်ပို့
Donate to DVB

ဆီးရီးယားနိုင်ငံဟာ ကုန်သွယ်ရေးကုမ္ပဏီတခုနဲ့ သဘောတူညီချက်အရ စက်တင်ဘာ ၁ ရက်မှာ ရေနံစိမ်းစည် ၆ သိန်း တင်ပို့ခဲ့တယ်လို့ ဆီးရီးယားစွမ်းအင်အရာရှိတယောက်က  ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဒါဟာ ၁၄ နှစ်အတွင်း ပထမဆုံးတရားဝင်အနေနဲ့ ဆီးရီးယားက ရေနံတင်ပို့တာ ဖြစ်ပါတယ်။

ဆီးရီးယားဟာ ရေနံစိမ်းထုတ်လုပ်မှု အပါအဝင် နိုင်ငံရဲ့ စီးပွားရေးနဲ့ အခြေခံအဆောက်အအုံတွေကို ပျက်စီးစေတဲ့ ၁၄ နှစ်နီးပါးကြာ စစ်ပွဲမတိုင်မီ ၂၀၁၀ ပြည့်နှစ်က တရက်ကို ရေနံစိမ်းစည် ၃၈၀,၀၀၀ တင်ပို့ခဲ့တာပါ။

သမ္မတအာဆတ် မနှစ်က ဒီဇင်ဘာလမှာ ဖြုတ်ချခံခဲ့ရပြီး သူ့ကို အစားထိုးတဲ့ အစ္စလာမ္မစ်ဦးဆောင်တဲ့ အစိုးရက ဆီးရီးယားနိုင်ငံရဲ့ စီးပွားရေးကို ပြန်ရှင်သန်စေမယ်လို့ ကတိပြုခဲ့ပါတယ်။

ဆီးရီးယားစွမ်းအင်ဝန်ကြီးဌာန၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ရီယာ့ဒ်အယ်လ်ဂျိုဘာစီက ရေနံစိမ်းတွေကို B Serve Energy ဆီ ရောင်းခဲ့တယ်လို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

B Serve ဟာ ကမ္ဘာလုံးဆိုင်ရာ ရေနံရောင်းဝယ်ရေး ကုမ္ပဏီ BB Energy နဲ့ ချိတ်ဆက်ထားပါတယ်။ 

BB Energy က မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း အကြောင်းမပြန်ပါဘူး။ ဆီးရီးယားစွမ်းအင်ဝန်ကြီးဌာနက နစ်စို့စ် ခရစ်တီယာနာ ရေနံတင်သင်္ဘောနဲ့ ရေနံတင်ပို့ခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ဘက်က ရေနံမြေအများစုကို ကာ့ဒ်ခေါင်းဆောင်တဲ့ အာဏာပိုင်တွေက ထိန်းချုပ်ထားပါတယ်။ 

အာဏာပိုင်တွေက ဖေဖော်ဝါရီလမှာ ဒမတ်စကတ်မြို့က ဗဟိုအစိုးရဆီ ရေနံတွေ စပေးခဲ့ပေမဲ့ ကာ့ဒ်တွေအပါအဝင် လူနည်းစုတွေအတွက် အခွင့်အရေးနဲ့ အရင်းအမြစ် တန်းတူရပိုင်ခွင့်နဲ့ ပတ်သက်လို့ ကြောက်ရွံ့ခြင်းကြောင့် ဆက်ဆံရေး ဆိုးရွားလာခဲ့ပါတယ်။

ဆီးရီးယားအစိုးရဟာ သမ္မတ အာဆတ်လက်ထက်က ဆိပ်ကမ်းလုပ်ငန်းကို စီမံခန့်ခွဲနေတဲ့ ရုရှားကုမ္ပဏီနဲ့စာချုပ်ကို ဖျက်သိမ်းလိုက်ပြီးတဲ့နောက် တာတက်စ်မြို့မှာ ဘက်စုံသုံး ဆိပ်ကမ်းတခုကို တည်ဆောက်၊ စီမံခန့်ခွဲလည်ပတ်ဖို့ DP World ကုမ္ပဏီနဲ့  ဒေါ်လာ သန်း ၈၀၀ ဖိုး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါတယ်။  

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013