DVB Logo
Home
နိုင်ငံတကာ
အာဖဂန်နစ္စတန်တွင် ငလျင်ကြောင့် သေဆုံးသူ ၈၀၀ ကျော်အထိ မြင့်တက်၊ ၂,၈၀၀ ကျော်ဒဏ်ရာရ
DVB
·
September 2, 2025
အာဖဂန်နစ္စတန်တွင် ငလျင်ကြောင့် သေဆုံးသူ ၈၀၀ ကျော်အထိ မြင့်တက်၊ ၂,၈၀၀ ကျော်ဒဏ်ရာရ
Donate to DVB

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းမှာ စက်တင်ဘာ ၁ ရက် ကူးခါစ ဒေသစံတော်ချိန် ည ၁၂ နာရီ ၇ မိနစ်  (မြန်မာစံတော်ချိန် မနက် ၂ နာရီ) မှာ ပြင်းအား ၆.၀ အဆင့်ရှိ ငလျင်တခု လှုပ်ခဲ့လို့ လူ ၈၁၂ ယောက်ထက်မနည်း သေဆုံးပြီး ၂,၈၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အစိုးရပြောခွင့်ရက တရားဝင် သတင်းထုတ်ပြန်ပါတယ်။

အဆိုးရွားဆုံး ထိခိုက်ခံစားရတဲ့ ဒေသတွေထဲမှာ ရွာအများအပြား ပျက်စီးခဲ့တဲ့ ခူနာ၊ နန်ဂါဟာနဲ့ လဂ်မဲန်ပြည်နယ်တွေ ပါတယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်ဒ်က ပြောပါတယ်။

ဒီငလျင်က ခူနာပြည်နယ်ထဲက နူရ်ဂူ၊ ဆိုကီ၊ ဝါတာပူရ်၊ မာနိုဂီ၊ ချာပါဒါရာ ခရိုင်တွေနဲ့ တခြားဒေသတွေကို ရိုက်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော် ရှင်းရှင်းလင်းလင်းသိချင်တာတခုက ကျနော်တို့ရဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက မာဇာဒါရာ ဧရိယာကို ရောက်နေပေမဲ့ ဘယ်လို နောက်ဆုံးသတင်းကိုမှ မမျှဝေသေးတာကိုပဲ” လို့ မူဂျာဟစ်ဒ်က ပြောပါတယ်။

နန်ဂါဟာပြည်နယ် ဒါရာအီနူးရ်ခရိုင်မှာ လူ ၁၂ ယောက် သေဆုံးပြီး ၂၅၅ ယောက် ဒဏ်ရာရခဲ့တယ်၊ လက်ခ်မန်ပြည်နယ် အလီဂါခရိုင်မှာ လူ ၅၈ ယောက် ဒဏ်ရာရပြီး နေအိမ်ဒါဇင်များစွာ ပျက်စီးခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

နူရစ္စတန်ပြည်နယ် နိုရာဂါရမ်ခရိုင်မှာ လူ ၄ ယောက် ဒဏ်ရာရခဲ့ပြီး ပန်ရှီယာပြည်နယ် အဘ်ရှားခရိုင်မှာ အသေအပျောက်မရှိပေမဲ့ အိမ် ၅ လုံး ပျက်စီးခဲ့ပါတယ်။

ဝေးလံခေါင်သီတဲ့ ခရိုင်တွေဆီ ကယ်ဆယ်ရေးလုပ်ငန်းတွေ အပြေးအလွှား ဆက်လုပ်နေတယ်လို့ သူကပြောပါတယ်။

“အာဖဂန်အစိုးရ  အဖွဲ့တွေဟာ မနေ့ညက ငလျင်လှုပ်ခတ်ခဲ့တဲ့ ဒေသတွေကို ရောက်နေပြီ၊ NGO အဖွဲ့တွေက သူတို့ရဲ့ အစီအစဉ်တွေကို အရင်လုပ်ပြီး သူတို့အဖွဲ့တွေကို အဲဒီနေရာတွေကို စေလွှတ်ပေးတယ်။ ဒါပေမဲ့ အချိန်နည်းနည်းတော့ ကြာလိမ့်မယ်” လို့ မူဂျာဟစ်က ပြောခဲ့ပါတယ်။

ငလျင်ကြီးအပြီး နောက်ဆက်ဆွဲ မြေပြင်တုန်ခါမှုတွေကို အာဖဂန်သာမက အိန္ဒိယနိုင်ငံမှာပါ ခံစားခဲ့ရတယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက ထုတ်ပြန်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013