DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှားလွှတ်တော်အမတ်များ၏ ခံစားခွင့် လျှော့မည်
DVB
·
September 1, 2025
အင်ဒိုနီးရှားလွှတ်တော်အမတ်များ၏ ခံစားခွင့် လျှော့မည်
Donate to DVB

အင်ဒိုနီးရှားနိုင်ငံမှာ လူ ၅ ယောက်ထက်မနည်း သေဆုံးတဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့အပြီးမှာ လွှတ်တော်အမတ်တွေရဲ့ အကျိုးခံစားခွင့်တွေ လျှော့ချဖို့ နိုင်ငံရေးပါတီတွေ သဘောတူလိုက်ပြီလို့ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ထုတ်ပြန်ပါတယ်။

လူ ၅ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်စဉ်ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းပြီးနောက်ပိုင်း ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး မငြိမ်သက်မှု ဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေဟာ လစာနဲ့ အိမ်ရာခံစားခွင့်တွေ အလွန်အကျူး ရယူနေတယ် ဆိုပြီးတော့ ဆန္ဒပြမှုတွေဟာ ဩဂုတ်လနှောင်းပိုင်းမှာ ဖြစ်ပွားခဲ့တာမှာ ဩဂုတ် ၂၉ ရက်နေ့မှာတော့ အုံကြွမှုတွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံရေးပါတီဝင်တွေရဲ့ အိမ်တွေနဲ့ အစိုးရအဆောက်အအုံတွေ ဖျက်ဆီးခံရ၊ မီးတင်ရှို့ခံရတဲ့အထိ အခြေအနေဆိုးရွားခဲ့ပြီး အင်ဒိုနီးရှား စတော့စျေးကွက်နဲ့ ငွေတန်ဖိုးအပေါ်ပါ သက်ရောက်မှု ရှိခဲ့ပါတယ်။

ဘဏ္ဍာရေးဝန်ကြီး ဆရီ မူလျာနီအင်ဒြာဝတီ ပိုင်တဲ့ အိမ်ကို လုယက်သူတွေက ဝင်စီးခဲ့ပါတယ်။ သမ္မတက အခုလို ကြေညာပြီး နောက်မှာတောင် ဆန္ဒပြမှုတွေ ရုပ်သိမ်းဖို့ ကျောင်းသားအဖွဲ့တွေက ကြေညာထားတာ မရှိသေးပါဘူး။

သမ္မတနန်းတော်မှာ နိုင်ငံရေးပါတီ အများအပြားက ခေါင်းဆောင်တွေ ခြံရံပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရမှာ သမ္မတ ပရာဘိုဝိုက ဆူပူအုံကြွသူတွေ၊ လုယက်သူတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းဖို့ ရဲနဲ့ စစ်တပ်ကို အမိန့်ပေးထားတယ်လို့ သတိပေးထားပါတယ်။

သမ္မတနန်းတော်ကိုလာတဲ့ ဝန်ကြီးတွေနဲ့ နိုင်ငံရေးခေါင်းဆောင် အများအပြား တိုက်ခိုက်ခံရမှာ စိုးတဲ့အတွက် အစိုးရဝန်ထမ်းနံပါတ်ပြားတပ် ကားတွေအစား အရပ်သားနံပါတ်တပ်ကားတွေနဲ့ လာရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ပါလီမန်အမတ်တွေရဲ့ ခံစားခွင့်ပမာဏ လျှော့ချဖို့နဲ့ ပြည်ပအလုပ်ခရီးစဉ်တွေကို တရားဝင်ဆိုင်းငံ့ထားဖို့ အပါအဝင် လွှတ်တော်မူဝါဒ အများအပြား ရုပ်သိမ်းသွားမယ်လို့ လွှတ်တော်ခေါင်းဆောင်တွေက သတင်းစကားပါးခဲ့ကြောင်း ပရာဘိုဝိုက ပြောကြားခဲ့ပါတယ်။ အင်ဒိုသမ္မတဟာ ဒီဆန္ဒပြပွဲတွေကြောင့် တရုတ်ပြည်ခရီးစဉ်  ဖျက်သိမ်းခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013