DVB Logo
Home
မြန်မာသတင်း
ဘုတလင်တွင် စစ်တပ်က ရွာမီးရှို့၊ ပြည်သူသောင်းချီ စစ်ဘေးတိမ်းရှောင်နေကြရ
DVB
·
September 1, 2025
ဘုတလင်တွင် စစ်တပ်က ရွာမီးရှို့၊ ပြည်သူသောင်းချီ စစ်ဘေးတိမ်းရှောင်နေကြရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ အရှေတောင်ဘက်ကို စစ်ကောင်စီတပ် အင်အား ၂၀၀ လောက်နဲ့ ဩဂုတ် ၃၁ ရက် မနက် ၈ နာရီခွဲလောက်က စတင်စစ်ကြောင်းထိုးကာ ကျေးရွာ ၃ ရွာကို မီးရှို့ခဲ့လို့ လူပေါင်းသောင်းချီ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံရွာသားတယောက်က “အရင်ဆုံး ရွှေတောင်ရွာကို စပြီးအရင်ရှို့တယ်။ ဒုတိယရွာက ပေါက်ဆိန်ပေါက်ရွာကို ထပ်မံမီးရှို့တယ်ဗျ။ တတိယရွာက ကံသာရွာကို ညနေခင်းပိုင်းမှာ ထပ်မံရှို့တယ်ဗျ။ စစ်ကြောင်းက အင်အား ၂၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးလာလို့ ရွာသားတွေ ရွာထဲပြန်မဝင်ရသေးဘူးဗျ။ ဒါကြောင့် မီးလောင်ဆုံးရှုံးတဲ့ အိမ်အလုံးအရေအတွက်လည်း ဘာမှ ပြောလို့မရ‌သေးဘူး” လို့ ပြောပါတယ်။

အခုလို စစ်ကြောင်းထိုးနေတာကြောင့် ရွှေတောင်ရွာ၊ ပေါက်ဆိန်ပေါက်ရွာ၊ ကံသာရွာ စတဲ့ ကျေးရွာတွေအပါအဝင် အနီးအနားက ကျေးရွာတွေက ပြည်သူ ၂၅,၀၀၀ ကျော် စစ်ဘေးရှောင် နေကြရတယ်လို့ သိရပါတယ်။

ကာကွယ်ရေးခေါင်းဆောင်တယောက်က “စ(-)တွေကတော့ ရွာတွေကို အကြောင်းမဲ့ မီးရှို့ပြနေတာဗျ။ ကျနော်တို့ အမြင်ပြောရရင် စစ်ပွဲ မဖြစ် ဖြစ်အောင်ကို စစ်မြှူနေတာဗျ။ ရွာသားတွေကိုလည်း သူတို့ မထောက်ခံတဲ့ရွာဖြစ်ရင် အခုလိုရွာကို မီးရှို့တယ်ဆိုတဲ့ အကြောက်တရား ထည့်သွင်းတဲ့သဘောပါ။ ကျနော်တို့အဖွဲ့တွေနဲ့တော့ ကံသာရွာအနီးမှာ တိုက်ပွဲဖြစ်ကြသေးတယ်။ စစ်တပ်ဘက်က အထိအခိုက်ရှိတယ်ဗျ။ ကျနော်တို့ဘက်ကတော့ ကြိုတင်လမ်းကနေ ပြင်ဆင်နေရာယူပြီး စောင့်ကြိုတိုက်ခိုက်တာကြောင့် အထိအခိုက် အကျအဆုံး မရှိခဲ့ဘူး” လို့ ပြောပါတယ်။

ဘုတလင်မြို့နယ်အတွင်းမှာ စစ်တပ်က ဩဂုတ် ၂၈ ရက်ကလည်း အနောက်မြောက်တိုင်း စစ်ဌာချုပ်ကနေ ဘုတလင်မြို့နယ်ထဲ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဇီးတော၊ ထန်းကုန်း၊ ရွှေချောင်လည်၊ သရက်တိုရိုး၊ ကံသစ်နဲ့ ညောင်ပင်ကန်ရွာတို့မှာ တပ်စွဲထားတာကြောင့် အဆိုပါကျေးရွာတွေက ပြည်သူတွေ နေရပ်စွန့်ခွာ‌နေကြရဆဲလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013