DVB Logo
Home
မြန်မာသတင်း
ရေစကြိုမြို့နယ် ငတရော်ရွာကို စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၅ ဦး သေဆုံး
DVB
·
September 1, 2025
ရေစကြိုမြို့နယ် ငတရော်ရွာကို စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၅ ဦး သေဆုံး
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ ငတရော်ရွာကို စစ်ကောင်စီတပ်က သြဂုတ် ၃၁ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ ​လေကြောင်းက ဗုံးကြဲခဲ့လို့ ပြည်သူ ၅ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ တံတားဦးက တက်လာတဲ့ လေယာဥ်နဲ့ ဗုံးတလုံး၊ Rocket ဗုံးတွေ ချခဲ့တာကြောင့် ငတရော်ကျေးရွာ ရွာလယ်ကောင်မှာ ကျရောက်ပေါက်ကွဲခဲ့တာလို့ ရေစကြိုမြို့နယ် ပကဖဆီက သိရပါတယ်။

ရေစကြိုမြို့နယ်ပကဖ သတင်းတာဝန်ခံက “ရွာလယ်ကောင်ကို ကျတာ၊ ၃ ယော​က်ကတော့ နေရာတင် သေတာ၊ ဆေးရုံပို့နေရင်း ၂ ယောက် ထပ်ဆုံးပါတယ်။ ထိခိုက်ဒဏ်ရာရတာက ၁၀ ယောက်မှာ ၄ ယောက်က စိုးရိမ်ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူ ၅ ယောက် သေဆုံးခဲ့တဲ့အပြင် နေအိမ် ၁၀ လုံးဝန်းကျင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ မြေပြင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

ရေလယ်ကျွန်းဒေသ ငတရော်ရွာဟာ စစ်ကောင်စီတပ်က ၂၀၂၂ သြဂုတ်လမှာ ရွာလုံးကျွတ် မီးရှို့ခဲ့တဲ့ရွာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013