DVB Logo
Home
မြန်မာသတင်း
ရပ်နားထားသည့် စစ်အာဏာရှင်လွှတ်တော် အစည်းအဝေးများ ပြန်စမည်
DVB
·
May 13, 2026
Photo: MOI
Photo: MOI
Donate to DVB

စစ်အုပ်စု ကျောထောက်နောက်ခံပြုထားတဲ့ လွှတ်တော်အမတ်တွေ အများစု ပါဝင်တက်ရောက်ကြမဲ့ စစ်အာဏာရှင်ရဲ့ လွှတ်တော် ၃ ရပ်အစည်းအဝေးတွေကို လာမဲ့ ဇွန်လဆန်းမှာ ပြန်စမယ်လို့ သိရပါတယ်။

မေ ၁၂ ရက် နေ့စွဲနဲ့ သက်ဆိုင်ရာ လွှတ်တော်အသီးသီးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွေကို လာမဲ့ ဇွန် ၂ ရက်နေ့မှာ ပြန်လည်ကျင်းပမှာဖြစ်သလို ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကို ဇွန် ၄ ရက်မှာ ကျင်းပမယ်လို့ အသိပေးထားပါတယ်။

အစည်းအဝေး တက်ရောက်ဖို့အတွက် သက်ဆိုင်ရာလွှတ် တော်ကိုယ်စားလှယ်တွေအနေနဲ့ မေလ ၃၁ ရက်ထက် နောက်မကျဘဲ သတင်းပေးပို့ကြဖို့နဲ့ လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကတ်ပြားတွေ ယူဆောင်လာကြဖို့ကိုလည်း အဲဒီကြေညာချက်ထဲမှာ အသိပေးထားတာ တွေ့ရပါတယ်။

ဒါ့အပြင် ဖွဲစည်းပုံအခြေခံဥပဒေပုဒ်မ ၇၉၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၃ နဲ့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၊ နည်းဥပဒေခွဲ (ခ)တို့အရ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို လာမဲ့ ဇွန် ၄ ရက်မှာ ခေါ်ယူကျင်းပသွားမှာ ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေအရ လက်ရှိအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနဲ့ ဒုဥက္ကဋ္ဌ Jeng Phang နော်တောင် တို့က ပြည်ထောင်စုလွှတ်တော်ရဲ့ နာယကနဲ့ ဒုတိယနာယကအဖြစ် ဆက်လက်ပြီး တာဝန်ယူဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် သက်တမ်းရဲ့ ပထမ လ ၃၀ ပြည့်ပြီးပါက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနဲ့ ဒုဥက္ကဋ္ဌ ဦးမောင်မောင်အုန်းတို့က ပြည်ထောင်စုလွှတ်တော် နာယကနဲ့ ဒုတိယနာယကအဖြစ် တာဝန်ယူဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။

အတုအယောင်ရွေးကောက်ပွဲအပြီး လွှတ်တော်အစည်းအဝေးတွေကျင်းပခဲ့ပေမဲ့ အခုအချိန်အထိ ဥပဒေပြုရေးကိစ္စတွေနဲ့ ပြည်သူလူထုအကျိုးရှိမဲ့ကိစ္စတွေ  လွှတ်တော်မှာ ဆွေးနွေးနိုင်ခြင်းမရှိသေးပဲ စစ်အာဏာရှင်ကသာ ဥပဒေတွေကို စိတ်ကြိုက် ထုတ်ပြန်နေတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013