DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကသာ နိုင်ငံ၏အပြောင်းအလဲတခုကို ဖန်တီးနိုင်မည်ဟု ဦးကိုကိုကြီးပြော
DVB
·
August 31, 2025
ရွေးကောက်ပွဲကသာ နိုင်ငံ၏အပြောင်းအလဲတခုကို ဖန်တီးနိုင်မည်ဟု ဦးကိုကိုကြီးပြော
Donate to DVB

ရွေးကောက်ပွဲကနေပဲ နိုင်ငံရဲ့အပြောင်းအလဲတခုကို ဖန်တီးလို့ရမယ်၊ စစ်ရေးနည်းလမ်းနဲ့ ဖက်ဒရယ်နဲ့ တန်းတူညီမျှရေးကို ဖော်ဆောင်လို့မရဘူးလို့ ပြည်သူ့ပါတီခေါင်းဆောင် ဦးကိုကိုကြီးက ပြောဆိုလိုက်ပါတယ်။

သြဂုတ် ၂၃ ရက်က ရန်ကုန်မြို့ Sky Star ဟိုတယ်မှာ ပြုလုပ်တဲ့ ပါတီတည်ထောင်ခြင်း ၇ ပြည့်အခမ်းအနားအပြီး မီဒီယာတွေနဲ့ တွေ့ဆုံစဉ်အခုလို ပြောဆိုခဲ့တာပါ။

ရွေးကောက်ပွဲပြီးမှပဲ နိုင်ငံရေးအခင်းအကျင်းအသစ်တခု ပေါ်လာမှာဖြစ်ပြီး အဲဒီကနေတဆင့် လက်ရှိပြဿနာတွေကို ဆက်လက်ဖြေရှင်းရမယ်လို့လည်း ဆိုပါတယ်။

ဦးကိုကိုကြီးက "ရွေးကောက်ပွဲကနေတဆင့်ပဲ အပြောင်းအလဲတခုကို ဖန်တီးလို့ရမယ်လို့ ကျနော်တို့က မျှော်လင့်တယ်။ စိတ်ကြိုက်ရလဒ်ကြီးဖြစ်ချင်မှဖြစ်မယ်။ သို့သော် ရွေးကောက်ပွဲမလုပ်ရင် ဘယ်လိုလုပ်မလဲဆိုတာနဲ့ပတ်သက်လို့ ကျန်တဲ့သူတွေမှာရော ကျနော်တို့ တိကျတဲ့ အဖြေမရှိဘူး။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲပြီးသွားရင် နိုင်ငံရေးအခင်းအကျင်းအသစ် တခုပေါ်လာမယ်။ ပေါ်လာပြီးတော့မှ အဲဒီအခင်းအကျင်းအသစ်ကနေတဆင့် လက်ရှိ ပြဿနာတွေကို ဆက်လက်ဖြေရှင်းရမယ်လို့ ထင်ပါတယ်"လို့ ပြောပါတယ်။

စစ်ရေးနည်းလမ်းနဲ့ နယ်မြေစိုးမိုးဖို့ ကြိုးစားတာက ဉပဒေအရ တရားမဝင်သလို အဲဒီဒေသဖွံ့ဖြိုးတိုးတက်ဖို့လည်း တည်တည်ငြိမ်ငြိမ်လုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။

ဒါ့အပြင် ဖက်ဒရယ်နဲ့ တန်းတူညီမျှရေးကိုလည်း စစ်ရေးနည်းလမ်းနဲ့ ဖော်ဆောင်လို့မရဘူးလို့လည်း ဉီးကိုကိုကြီးကပြောပါတယ်။

ALD ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကတော့ လက်ရှိ အာဏာသိမ်း စစ်တပ်က လုပ်မယ့်ရွေးကောက်ပွဲက ပြည်သူ့ဆန္ဒကို ထင်ဟပ်စေမှာမဟုတ်သလို ဒီကပေါ်လာမယ့်အခင်း အကျင်းကလည်း ဘာမှမျှော်လင့်စရာမရှိဘူးလို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ဒီဇင်ဘာလ နောက်ဆုံးအပတ်ကစလို့ ရွေးကောက်ပွဲကို အပိုင်းလိုက်ပြုလုပ်သွားဖို့ စစ်ကောင်စီက ပြင်ဆင်နေတာဖြစ်ပါတယ်။

အဲဒီရွေးကောက်ပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်ခဲ့တဲ့  ဦးကိုကိုကြီး ခေါင်းဆောင်တဲ့ ပြည်သူ့ပါတီကလည်း ဝင်ပြိုင်ဖို့ ပြင်ဆင်နေတာပါ။

လက်ရှိမှာတော့ ပါတီအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့  ပါတီရုံးခန်းနဲ့ ပါတီဝင်အင်အားသတ်မှတ်ချက်ကို ပြည့်မီကျော်လွန်နေပြီလို့လည်း ပါတီခေါင်းဆောင် ဦးကိုကိုကြီးကပြောပါတယ်။

ထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013