DVB Logo
Home
နိုင်ငံတကာ
တောင်ကိုရီးယားတွင် 3D နည်းပညာသုံး ရဲအရာရှိပုံရိပ်ထားရှိပြီးနောက် ရာဇဝတ်မှုဖြစ်ပွားနှုန်း လျော့ကျ
DVB
·
August 30, 2025
တောင်ကိုရီးယားတွင် 3D နည်းပညာသုံး ရဲအရာရှိပုံရိပ်ထားရှိပြီးနောက် ရာဇဝတ်မှုဖြစ်ပွားနှုန်း လျော့ကျ
Donate to DVB

တောင်ကိုရီးယား ရဲတပ်ဖွဲ့ဟာ ရာဇ၀တ်မှုတွေကို တားဆီးဖို့အတွက် ဆိုးလ်မြို့လယ်ခေါင်မှာ 3D နည်းပညာနဲ့ ဖန်တီးထားတဲ့ လူသားအရွယ် ဟိုလိုဂရပ်ဖစ် ရဲတပ်ဖွဲ့ဝင်ရုပ်ပုံကို တပ်ဆင်ထားပါတယ်။

ည ၇ နာရီမှ ည ၁၀ နာရီအထိ ၂ မိနစ်တိုင်း အက်ခရဲလစ်ဘောင်ပေါ်မှာ ပရိုဂျက်တာနဲ့ ထိုးပြထားတဲ့ ရဲအရာရှိရဲ့ ပုံရိပ် ပေါ်လာတာပါ။

AI စနစ်သုံး စောင့်ကြည့်ကင်မရာတွေဟာ အနီးနားရှိ အရက်ဆိုင်တွေကြောင့် ညဘက်မှာ လူစည်ကားလေ့ရှိတဲ့ နယ်မြေဧရိယာကို စောင့်ကြည့်ပါတယ်။

ဂျောင်းဘူ ရဲစခန်းမှ ရဲအရာရှိ ဂင်မ်ဆူးဟျန်က “CCTV တွေ ဒါမှမဟုတ် ရဲအရာရှိတွေကို နေရာတိုင်းမှာ ၂၄ နာရီ ပတ်လုံးထားရှိဖို့က မဖြစ်နိုင်တော့ ရဲတပ်ဖွဲ့ဝင်တွေကို မြင်တွေ့နေရအောင် ဖန်တီးပေးထားလို့ရရင် အကူအညီဖြစ်မှာပဲ လို့ တွေးမိခဲ့ပါတယ်”လို့ ပြောပါတယ်။ 

ဗီဒီယိုကို လူသားအရွယ် အက်ခရဲလစ် ဆိုင်းဘုတ်တခုပေါ်ကို ပရိုဂျက်တာ ထိုးလိုက်တဲ့အခါ ဟိုလိုဂရပ်ဖစ်ဗီဒီယိုက ခေါင်းမှ ခြေဖျားအထိ တကိုယ်လုံးပုံ ရုပ်လုံးပေါ်သွားတယ်လို့ ဆိုပါတယ်။ 

လုပ်ဖော်ကိုင်ဖက် ရဲအရာရှိ ဂင်မ်ဟျွန်းဒွန်က“ဟိုလိုဂရပ်ဖစ် ရဲအရာရှိရဲ့ပုံကို တပ်ဆင်လိုက်တဲ့အခါ အရက်မူး၊ အကြမ်းဖက်မှု ဒါမှမဟုတ် အငြင်းပွားမှုတွေလိုမျိုး စိတ်မြန်လက်မြန်တဲ့ ရာဇ၀တ်မှုမျိုးတွေအပေါ် သက်ရောက်မှုရှိပါတယ်။  ဧရိယာအတွင်း ရာဇ၀တ်မှု ဖြစ်ပွားနှုန်းက ၂၂ ရာခိုင်နှုန်း လောက် ကျဆင်းသွားတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ရဲအရာရှိ ဂင်မ်ဟျွန်းဒွန်က “ရာဇ၀တ်မှုတွေက ရုတ်တရက် စိတ်ခံစားချက်တွေကြောင့် ဖြစ်ပေါ်လာတတ်လို့ တာဝန်ရှိသူတွေအနေနဲ့ မဖြစ်ခင်မှာ ကြိုတင်တားဆီးဖို့က စိန်ခေါ်မှုတခုပါ။ အဲဒီသဘောအရ 'ရဲတပ်ဖွဲ့က အမြဲ စောင့်ကြည့်နေတယ်' ဆိုတဲ့ အမြင်အာရုံသတင်းစကားနဲ့ အသိပညာကို မြှင့်တင်ပေးပြီး ထိရောက်တဲ့ အဟန့်အတားတခုအဖြစ် လုပ်ဆောင်ခဲ့တာပါ”လို့  ဆိုပါတယ်။ 

ဆိုးလ်ဒေသခံ ချွဲအင်းဂျောင် အပါအဝင် နေထိုင်သူတွေဟာ ရဲအရာရှိပုံရိပ် ထားရှိပေးခြင်းကနေ စိတ်လုံခြုံမှု ပိုရရှိသလို ခံစားရတယ်လို့ ပြောပါတယ်။

ဒေသခံက “ညဘက်တွေ့တဲ့အခါ၊ ကိုယ့်ဘေးမှာ ရဲအရာရှိတယောက် လာရပ်နေသလို ခံစားရတယ်။ ဟိုလိုဂရပ်ဖစ် ရဲအရာရှိက အရေးပေါ် ခေါင်းလောင်းကို နှိပ်ဖို့ သတိပေးတယ်” လို့လည်း ပြောပါတယ်။ 

Source: Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013