DVB Logo
Home
မြန်မာသတင်း
မူးယစ်အမှုနှင့်ပတ်သက်ပြီး ယင်းမာပင်ခရိုင် တပ်ရင်း ၁၄ တပ်ရင်းမှူးကို ဖမ်းဆီးနေ
DVB
·
August 30, 2025
မူးယစ်အမှုနှင့်ပတ်သက်ပြီး ယင်းမာပင်ခရိုင် တပ်ရင်း ၁၄ တပ်ရင်းမှူးကို ဖမ်းဆီးနေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်က MOD လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁၄ တပ်ရင်းမှူးကို သြဂုတ် ၂၆ ရက်က MOD စစ်ရေးချုပ်ရုံးအဖွဲ့နဲ့ ယင်းမာပင်ခရိုင်  ကွပ်ကဲရေး တပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဗားရ်တံတားမှာ မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီရမိခဲ့တဲ့အမှုနဲ့ ပတ်သက်ပြီး အထက်ကညွှန်ကြားချက်နဲ့ ဖမ်းဝရမ်းထုတ်ခဲ့တာကြောင့် ဗဟိုစစ်ရေးချုပ်နဲ့အတူ ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးတို့ ပူးပေါင်းဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခဲ့တဲ့တာဝန်ရှိသူတယောက်က “စစ်ကောင်စီကိုတော်လှန်နေတဲ့ တော်လှန်ရေး တပ်ဖွဲ့များဖြစ်ပြီး စစ်တပ်ထက်မထူးဘူးဆိုရင် ပြည်သူရဲ့ ယုံကြည်ကိုးစားမှုကို ဥပေက္ခာပြုသလို ဖြစ်မယ်။ ပြည်သူ့အစိုးရဆိုတာ ပြည်သူကိုမျက်နှာမူရမှာပဲ။ မူးယစ်ဆေးဝါးဆိုတာ လူသားမျိုးနွယ်တခုလုံး လူညွန့်တုံးစေလို့  လုံးဝ ခွင့်လွှတ်လို့မရဘူး။ ပြတ်ပြတ်သားသား အရေးယူရမယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က မူးယစ်ဆေးဝါးအများအပြားနဲ့ လက်နက်ခဲယမ်းတချို့ကို ယင်းမာပင်ခရိုင် အမှတ် ၁၅ တပ်ရင်းမှူးရဲ့ထောက်ခံစာနဲ့ ချင်းပြည်နယ်ထဲမှာ သယ်ယူလာတုန်း Chinland Defense Force- Hakha တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ယင်းမာပင်ခရိုင် ဒေသခံတယောက်က “အခု တပ်ရင်း ၁၄ တပ်ရင်းမှူးကို ဖမ်းဆီးရာမှာ ခက်ခက်ခဲခဲဖမ်းဆီးရတာတွေ့တယ်။ လက်နက်ကိုင် တပ်ရင်းတွေလည်းဖြစ်နေတော့  ဖမ်းဆီးတဲ့ အဖွဲ့တွေအတွက် အရမ်းစိုးရိမ်ရတယ်။ ဖမ်းဆီးတဲ့နေရာမှာ တပ်ရင်း ၁၄ က ဖမ်းဆီးတဲ့အဖွဲ့ကို အင်အားသုံးပြီးပြန်ဝိုင်းတာ တွေ့ရတယ်။ ဖမ်းဆီးတဲ့အဖွဲ့ကလက်ဦးသွားလို့ စစ်ရုံးချုပ်အဖွဲ့က ဖမ်းဆီးပြီးပြန်ခေါ်သွားပေမဲ့ ခရိုင်အဆင့် ယင်းမာပင်ခရိုင်မှာကျန်နေခဲ့တဲ့ အဖွဲ့အတွက်တော့ အထူးစိုးရိမ်မိတယ်။ အားလုံးက လက်နတ်ကိုယ်စီနဲ့ဆိုတော့ မလိုအပ်ဘဲ လက်နတ်ကိုင် တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြားမှာ ပြဿနာတွေဖြစ်ပေါ်နိုင်ပြီး ခရိုင်အောက်ခြေတပ်ရင်းတွေရဲ့ အပြစ်အရ အရေးယူဖို့လုပ်တဲ့အခါမှာ ဖမ်းဆီးတဲ့အဖွဲ့တွေအတွက် လုံခြုံရေး အလုံအလောက် ပေးသင့်တယ်” လို့ ပြောပါတယ်။

ဒီအမှုနဲ့ပတ်သတ်တဲ့ နောက်ဆက်တွဲ ပါဝင်ပတ်သက်သူတွေကို ဆက်လက်ဖမ်းဆီး စစ်ဆေးတာတွေပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013