DVB Logo
Home
မြန်မာသတင်း
လာအိုနှင့် မြန်မာမိန်းကလေးငယ်များအားလိင်ပိုင်းဆိုင်ရာ ဗီဒီယိုရိုက်သည့် ဂျပန် ၂ ယောက် ဖမ်းဆီးခံရ
DVB
·
August 30, 2025
လာအိုနှင့် မြန်မာမိန်းကလေးငယ်များအားလိင်ပိုင်းဆိုင်ရာ ဗီဒီယိုရိုက်သည့် ဂျပန် ၂ ယောက် ဖမ်းဆီးခံရ
Donate to DVB

လာအိုနဲ့ မြန်မာနိုင်ငံက အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေကို ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့ ဗီဒီယိုတွေ ရိုက်ကူးခဲ့တယ်လို့ သံသယရှိတဲ့ ဂျပန်နိုင်ငံသား ၂ ယောက်ကို ဖမ်းဆီးထားတဲ့အကြောင်း The Asahi Shimbun  သတင်းမှာ ဩဂုတ် ၂၈ ရက်က ဖော်ပြပါတယ်။

ဒါဟာ လာအိုနိုင်ငံက ကလေးပြည့်တန်ဆာလုပ်ငန်းတွေမှာ ဂျပန်နိုင်ငံသားတွေ ပါဝင် ပတ်သက်နေတယ်ဆိုပြီးတော့ ကြီးထွားလာနေတဲ့ အရှုပ်တော်ပုံတွေကြားမှာပဲ ဖမ်းဆီး နိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒီဖမ်းဆီးမှုမှာတော့ ဂျပန်ရဲတပ်ဖွဲ့က နိုင်ငံရပ်ခြားမှာ ကလေးညစ်ညမ်းရုပ်ပုံ စာပေထုတ် လုပ်ခြင်းနဲ့ တခြားလုပ်ရပ်တွေအတွက် ဂျပန်နိုင်ငံသားတွေကို အပြစ်ပေးနိုင်တဲ့ ဂျပန်နိုင်ငံရဲ့ နယ်မြေပိုင်နက်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို ကျင့်သုံးခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူ ၂ ယောက်ကတော့ အိုဆာကာမြို့မှာ နေထိုင်တဲ့ အသက် ၆၀ အရွယ် သွားဆရာဝန် ယိုရှီဟီရို ရှီရိုင်နဲ့ နာဂိုယာမြို့မှာ နေထိုင်တဲ့ အသက် ၆၅ နှစ်အရွယ် အလုပ် လက်မဲ့ ကာဇူဟီကို အူဂျီတို့ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ရှီရိုင်က ဘာမှမဖြေပဲ ငြိမ်နေချိန်မှာ အူဂျီကတော့ သူ့အနေနဲ့ အဆိုပါ မိန်းကလေးတွေဟာ အသက် ၁၈ နှစ် မပြည့်သေးတာကို မသိခဲ့ဘူးလို့ ပြောလိုက်ပါတယ်

ရဲတပ်ဖွဲ့ရဲ့ အဆိုအရ အူဂျီဟာ အခုနှစ် မတ်လဝန်းကျင်လောက်က လာအိုနိုင်ငံက ဟိုတယ်တခုထဲ မိန်းကလေးငယ်တယောက်ကို ရိုက်ကူးခဲ့တယ်လို့ သံသယရှိခဲ့ပြီး ရှီရိုင် ကတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက မြန်မာနိုင်ငံမှာ မိန်းကလေးတယောက်ကို ရိုက်ကူးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

သူတို့ ၂ ယောက်စလုံးဟာ အဆိုပါ မိန်းကလေးငယ်တွေဟာ အသက် ၁၈ နှစ် အောက်အရွယ်တွေ ဖြစ်တာကို သိရှိကြပြီး မိန်းကလေးတွေကို အသုံးချကာ ညစ်ညမ်း ပုံရုပ်သံတွေ ထုတ်လုပ်ခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

စုံစမ်းစစ်ဆေးရေးအရာရှိတွေက သူတို့ ၂ ယောက်ဆီက ရုပ်သံဗီဒီယိုဖိုင်တွေနဲ့ ကင်မရာ ငယ်တွေကို သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ  ဗီဒီယိုတွေထဲမှာ မိန်းကလေးငယ်တွေနဲ့ ညစ်ညမ်းတဲ့ လုပ်ရပ်တွေကို မှတ်တမ်းတင်ထားတယ်လို့ သတင်းမှာ ဖော်ပြထားသလို ရဲတပ်ဖွဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတယောက်က ဗီဒီယိုဖိုင်ကို ခွဲခြမ်းစိတ်ဖြာပြီး မိန်းကလေးတွေဟာ အသက် ၁၈ နှစ်အောက်ဖြစ်ကြောင်း ကောက်ချက်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူတို့  ၂ ယောက်ဟာ နိုင်ငံရပ်ခြားမှာ ကလေးပြည့်တန်ဆာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အပြန်အလှန်ဖလှယ်နေတာကြောင့် အဆိုပါအမှုကို ရဲတပ်ဖွဲ့က နောက်ကြောင်းပြန် စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

Source : The Asahi Shimbun 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013