DVB Logo
Home
နိုင်ငံတကာ
၂၀၂၅ Freestyle ဘောလုံးကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ လန်ဒန်တွင် ကျင်းပ
DVB
·
August 29, 2025
၂၀၂၅ Freestyle ဘောလုံးကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ လန်ဒန်တွင် ကျင်းပ
Donate to DVB

စူပါဘောလို့ လူသိများတဲ့ freestyle ဘောလုံးကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲကို လန်ဒန်မြို့အရှေ့ဘက် တက္ကသိုလ်မှာ ဩဂုတ် ၂၅ ရက်ကနေ ၂၉ ရက်အထိ ကျင်းပခဲ့ပါတယ်။

စူပါဘောပြိုင်ပွဲဟာ freestyle ဘောလုံးစွမ်းရည်ပြတဲ့ ပြိုင်ပွဲတွေအနက် ကမ္ဘာ့အကောင်းဆုံးပြိုင်ပွဲ တခုဖြစ်ပြီး နိုင်ငံပေါင်း ၄၀ ကျော်က ကစားသမား ၅၀၀ လာရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို အမျိုးအစား ၇ ခုခွဲပြီး ယှဉ်ပြိုင်ဖို့ သတ်မှတ်ထားပါတယ်။ ဒီပြိုင်ပွဲမှာ အမျိုးသမီးတွေလည်း ပါဝင်ယှဉ်ပြိုင်သလို မသန်စွမ်းကစားသမားတွေလည်း ပါဝင်ယှဉ်ပြိုင်တာ တွေ့ရပြီး လူကြီးလူငယ်မရွေး ဆွဲဆောင်နိုင်တဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်သူတွေထဲမှာ အသက် ၁၃ နှစ်အရွယ်ရှိ ဝေးလ်နိုင်ငံက လာရောက်ယှဉ်ပြိုင်တဲ့ ဂျိမ်းတေလာဟာ ၂၀၂၃ ခုနှစ်က တမိနစ်အတွင်း ပခုံးပေါ်ကနေ ဘောလုံးလှိမ့်ပြီး လှည့်ပြတဲ့ အလှပြမှု အကြာဆုံး ကမ္ဘာ့စံချိန် တင်ထားပါတယ်။

ဂျိမ်းတေလာက “အကြိမ်ကြိမ်ကျရှုံးမှုတွေက ဒီအလုပ်ကို ငြီးငွေ့စေပြီး စိတ်အနှောင့်အယှက်ဖြစ်စေကာ လုံးဝမလုပ်ဖြစ်တဲ့အထိ ဖြစ်လာပါတယ်။ ဒါပေမဲ့ ကျနော်တွေ့တာက လေ့ကျင့်ရင်း လေ့ကျင့်ရင်း ထပ်တလဲလဲ ပြုလုပ်ရင်း ပြုလုပ်ရင်းကနေ တော်တော်လွယ်ကူလာပါတယ်” လို့ ပြောပါတယ်‌။

ဂျိမ်းတေလာဟာ Youtube ကနေ ဗွီဒီယိုတွေကို လေ့လာပြီး Freestyle ဘောလုံးအလှပြတာကို စိတ်ဝင်စားခဲ့ပြီး ကိုယ်တိုင် ကြိုးစားလေ့လာခဲ့သူ ဖြစ်ပါတယ်။

ပထမဆုံး စူပါဘောပြိုင်ပွဲကို ၂၀၀၉ ခုနှစ်မှာ ချက်နိုင်ငံသား freestyle ကစားသူ လူးကပ်စကိုဒါက စတင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်ပြိုင်ပွဲကတော့ ချက်နိုင်ငံပြင်ပမှာ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ၂ ဦးချင်း အကောင်းဆုံး စွမ်းရည်ပြသမှုတွေ၊ ၂ ယောက်တွဲ ယှဉ်ပြိုင်မှုတွေလည်း ပါဝင်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013