DVB Logo
Home
နိုင်ငံတကာ
တက္ကဆက်တွင် တရုတ်နိုင်ငံသားနှင့် လုပ်ငန်းများ အိမ်ခြံမြေဝယ်ယူငှားရမ်းခွင့် ကန့်သတ်
DVB
·
August 29, 2025
တက္ကဆက်တွင် တရုတ်နိုင်ငံသားနှင့် လုပ်ငန်းများ အိမ်ခြံမြေဝယ်ယူငှားရမ်းခွင့် ကန့်သတ်
Donate to DVB

တရုတ်ကို အဓိက ပစ်မှတ်ထားတယ်လို့ ဝေဖန်ခံရတဲ့ တရုတ်၊ အီရန်၊ မြောက်ကိုရီးယား၊ ရုရှား နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေ၊ လုပ်ငန်းတွေဟာ အိမ်ခြံမြေ ဝယ်ယူ၊ ငှားရမ်းခွင့် ကန့်သတ်တဲ့ ဥပဒေဟာ စက်တင်ဘာ ၁ ရက်မှာ စတင်သက်ဝင်တော့မှာ ဖြစ်ပါတယ်။

တက္ကဆက်ပြည်နယ် အထက်လွှတ်တော် ဥပဒေကြမ်းအမှတ် ၁၇/၂၀၂၅ ဟာ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဥပဒေကို ဒီနှစ်အစောပိုင်းမှာ အဆိုပြုခဲ့ပြီး ဇွန် ၂၀ ရက်နေ့မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးက ဥပဒေအဖြစ် လက်မှတ်ရေးထိုး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒီဥပဒေအရ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်နိုင်တဲ့ ၄ နိုင်ငံက နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေ၊ လုပ်ငန်းတွေဟာ တက္ကဆက်မှာ နေအိမ်၊ စီးပွားရေးလုပ်ငန်းနေရာနဲ့ စိုက်ပျိုးမြေ ဝယ်ယူခွင့် မရှိဘူးလို့ ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် တနှစ်အောက်ပဲ ငှားရမ်းနိုင်တယ်လို့ပါ ကန့်သတ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသားဖြစ်ပြီးသူ၊ ဂရင်းကတ် ကိုင်ဆောင်သူတွေကတော့ ကင်းလွတ်ခွင့်ရမှာဖြစ်ပြီး တရားဝင်ဗီဇာ ကိုင်ဆောင်ထားသူတွေဟာ ပင်မနေထိုင်ရာနေရာကိုတော့ ပိုင်ဆိုင်ခွင့်ရှိတယ်လို့ ချွင်းချက်ထည့်ပေးထားပါတယ်။

တက္ကဆက်မှာ တရုတ်နွယ်ဖွား အများအပြား နေထိုင်ကြပြီး ၂၀၁၃ ခုနှစ်က ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ပြည်မကြီးမှာမွေးသူ ၁၂၀,၀၀၀ ထက်မနည်း တက္ကဆက်မှာ နေထိုင်ကြတယ်လို့ သိရပါတယ်။

ဒီဥပဒေကြမ်းဟာ အာရှဆန့်ကျင်ရေး၊ ရွှေ့ပြောင်းဆန့်ကျင်ရေး၊ တရုတ်နွယ်ဖွား အမေရိကန်တွေကို ဆန့်ကျင်ရေးလုပ်တဲ့ ဥပဒေလို့ တရုတ်နွယ်ဖွား ပြည်နယ်လွှတ်တော်အမတ် ဂျီးန်ဝူက ဝေဖန်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013