DVB Logo
Home
မြန်မာသတင်း
စာရေးဆရာ ချစ်စံဝင်း၏ စျာပနကို  ရေဝေးသုသာန်တွင် ပြုလုပ်
DVB
·
August 28, 2025
Featured image for post 721666
1 / 5
Donate to DVB

လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ စာရေးဆရာ ချစ်စံဝင်းရဲ့ စျာပနကို ရေဝေးသုသာန်မှာ  သြဂုတ် ၂၈ ရက် ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

စာရေးဆရာ ချစ်စံဝင်းဟာ သြဂုတ် ၂၆ ရက် မနက်အစောပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ နေအိမ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဆရာချစ်စံဝင်းကို ၁၉၄၀ ပြည့်နှစ်မှာ ပဲခူးတိုင်း၊ ရစ်ကန်ကြီးကျေးရွာမှာ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၆ နှစ်ရှိပြီဖြစ်ပါတယ်။

ဆရာချစ်စံဝင်း ရေးသားခဲ့တဲ့ စာအုပ်တွေထဲက ဤခရီးနီးသလား (၁၉၈၆) နဲ့ ဆန်ဖွပ်သည့်အဖိုးအို (၁၉၉၀) စာအုပ်တို့နဲ့ အမျိုးသားစာပေဆုကို ရရှိခဲ့တာဖြစ်ပြီး ပခုက္ကူဦးအုံးဖေစာပေဆု၊ သုတစွယ် စုံစာပေဆု၊ ထွန်းဖောင်ဒေးရှင်းစာပေဆုနဲ့ နိုင်ငံတကာဆုတွေဖြစ်တဲ့ International Trophy for Quality (၁၉၉၈) နှင့် Golden America Award for Quality (၁၉၉၉) တို့ကိုလည်း ရရှိခဲ့ပါတယ်။

စာရေးဆရာ ချစ်စံဝင်းရဲ့ စျာပနကို ဆရာကြီးဒေါက်တာထွန်းတင့်၊ စာရေးဆရာ ဖေမြင့်အပါအဝင် စာရေးဆရာတွေ၊  သတင်းစာဆရာတွေနဲ့ ဆရာချစ်စံဝင်းရဲ့ စာဖတ်ပရိသတ်တွေ လာရောက်ပို့ဆောင်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013