DVB Logo
Home
မြန်မာသတင်း
ရှမ်းတောင်က သုသာန်အချို့တွင် ဂူသွင်းသင်္ဂြိုဟ်ခ အဆမတန်တိုးမြှင့်ကောက်ခံမည် 
DVB
·
August 28, 2025
ရှမ်းတောင်က သုသာန်အချို့တွင် ဂူသွင်းသင်္ဂြိုဟ်ခ အဆမတန်တိုးမြှင့်ကောက်ခံမည် 
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်းက တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်သုသာန်တွေမှာ ဂူသွင်းသင်္ဂြိုဟ်ခကို အဆမတန် တိုးမြှင့်ကောက်ခံဖို့ တောင်ကြီးစည်ပင်သာယာက ပြင်နေလို့ ကန့်ကွက်​​​ကြဖို့ ပရဟိတအသင်းအဖွဲ့တချို့က သြဂုတ် ၂၈ ရက်မှာ ပြောပါတယ်။

လက်ရှိ ဂူသွင်းသင်္ဂြိုဟ်ခက (၇'x၃'x၂') ကို ၁၀,၀၀၀ ကျပ်၊ (၂'x၂'x၂') ကို ၅,၀၀၀ ကျပ်နှုန်း စည်းကြပ်ကောက်ခံရာကနေ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ၁ စတုရန်းပေကို ၅၀,၀၀၀ နှုန်း တိုးမြှင့်ကောက်ခံမယ်လို့ စည်ပင်က သြဂုတ် ၁၃ ရက်မှာ ထုတ်ပြန်ထားပြီး ကန့်ကွက်ချင်ရင် အချက်အလက်အစုံနဲ့ ၁၄ ရက်အတွင်း ကန့်ကွက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပရဟိတအသင်း အဖွဲ့ဝင်တယောက်က “နေရေးထက် သေရေးက ပိုခက်ခဲအောင် လုပ်နေသလိုပဲ။ ပိုက်ဆံမရှိရင်တောင် နာရေးကူညီမှုအသင်းတွေက ကူပေးနေကြတယ်ဆိုပေမဲ့ အခုလိုဆို ပိုခက်ခဲသွားနိုင်တယ်။ ကန့်ကွက်ကြပါ။ ကန့်ကွက်ဖို့လည်း စာထုတ်ထားတာမလို့လေ” လို့ ပြောပါတယ်။

တောင်ကြီးမြို့နယ်စည်ပင်ဌာနရဲ့ ကြော်ငြာချက်အရ (၇'x၃'x၂') အတိုင်းအတာရှိတဲ့ အုတ်ဂူတလုံးကို ဂူသွင်းသင်္ဂြိုဟ်ရင် ၂,၁၀၀,၀၀၀၊ (၂'x၂'x၂') ကို ၃၀၀,၀၀၀ ကျပ်အထိ အဆပေါင်းများစွာ ကုန်ကျတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

အသိပေးထုတ်ပြန်တာကိုလည်း တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်မြို့တွေက ဘာသာရေးအသင်းအဖွဲ့တွေ၊ သုသာန်ကော်မတီအဖွဲ့တွေ၊ နာမှုကူညီရေးအသင်းအဖွဲ့တွေဆီ တိုက်ရိုက်အသိပေး အကြောင်းတာမျိုးမဟုတ်ဘဲ ရပ်ကွက်အုပ်ရေးမှူးဆီကိုပဲ ပေးခဲ့ပြီး တဆင့်သိရတာမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

မြို့ခံပြည်သူတွေအနေနဲ့လည်း နေရေးထက် သေရေးမခက်စေဖို့အတွက် ငွေကြေး အဆမတန် တိုးမြှင့်ကောက်ခံတာကို ဝိုင်းဝန်းကန့်ကွက်ကြဖို့ ပရဟိတအသင်းအဖွဲ့တွေက တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013