DVB Logo
Home
မြန်မာသတင်း
ကျောက်သုံးလုံးစခန်းနှင့် ဝေါ်လေစခန်းကို KNLA တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး
DVB
·
August 28, 2025
ကျောက်သုံးလုံးစခန်းနှင့် ဝေါ်လေစခန်းကို KNLA တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်း အထိုင်ပြုထားတဲ့ ကျောက်သုံးလုံးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က အရာရှိ စစ်သည်  ၆ ယောက် သေဆုံးသွား ပါတယ်။

KNLA တပ်မဟာ ၆ တပ်ရင်း ၁၈ က ဦးစီးပြီး ဩဂုတ် ၂၆ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သားနဲ့ ဗိုလ်အဆင့်ရှိသူအပါအဝင် စုစုပေါင်း ၆ ယောက်သေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရမိတယ်လို့ KNLA တပ်ရင်း ၁၈ နဲ့ နီးစပ်သူက ပြောပါတယ်။

အဆိုပါတပ် စခန်းဟာ ကော့ကရိတ်မြို့အရှေ့ဘက် အာရှလမ်းမကြီး တောင်ဘက် ၂ မိုင်ခန့် အကွာအဝေးမှာ ရှိပါတယ်။

ကော့ကရိတ်မြို့ကနေ မြဝတီမြို့ဘက်ကို ဒုတိယအကြိမ် ဦးတည်တက်သွားတဲ့ အောင်ဇေယျစစ်ကြောင်းဟာ မြဝတီမြို့အထိရောက်လာဖို့ အလားလာမရှိသေးကြောင်းနဲ့ KNLA ပူးပေါင်း PDF တပ်ဖွဲ့တွေက အာရှလမ်းမကြီး အပြင်ဘက်မှာ လုံခြုံရေးတင်းကျပ်ထားပြီး လက်နက်အပြည့်နဲ့ စောင့်ဆိုင်းနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

အလားတူ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မိုင် ၅၀ လောက်အကွာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဝေါ်လေမြိုင်စခန်းမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

KNLA- PDF ပူးပေါင်းတပ်ဖွဲ့က  ဩဂုတ် ၂၆ ရက် မွန်းလွဲပိုင်းမှာ ဒုတိယအကြိမ်ခ စခန်းသိမ်းတိုက်ပွဲစတင် ဖြစ်ပွားတာလို့ နယ်စပ်စစ်ရေး စောင့်ကြည့်လေ့လာသူတယောက်က  ပြောပါတယ်။

ဝေါ်လေမြိုင်စခန်းကို  တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင်လဆန်းကတည်းက ဝိုင်းပိတ်ဆို့ထား တဲ့အတွက် စစ်ကောင်စီတပ်စခန်းတွင်းမှာ  စားနပ်ရိက္ခာ ပြတ်တောက်နေပြီး လေတပ်ကနေ Y12 လေယာဉ်နဲ့ ရိက္ခာလာချပေးခဲ့ရပါတယ်။

ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုတွေနဲ့ တခြားအခက်အခဲတွေကြောင့် ဝေါ်လေမြိုင် စခန်းသိမ်းတိုက်ပွဲကို ၁၅ ရက်လောက် ယာယီရပ်ထားရာကနေ  ဩဂုတ် ၂၆ ရက်မှာ တိုက်ပွဲ ပြန်လည်စတင်ပြီး စခန်းသိမ်းတိုက်ပွဲ ဒုတိယအကြိမ် ဆင်နွှဲနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013