DVB Logo
Home
နိုင်ငံတကာ
ဆူဒန်တွင် တုပ်ကွေးရောဂါ ကူးစက်ခံရသူ တိုးလာနေပြီး ၂ ဦး သေဆုံး
DVB
·
August 28, 2025
ဆူဒန်တွင် တုပ်ကွေးရောဂါ ကူးစက်ခံရသူ တိုးလာနေပြီး ၂ ဦး သေဆုံး
Donate to DVB

ဆူဒန်နိုင်ငံ မြို့တော်က ပြည်သူတွေဟာ မိုးရာသီအတွင်း တခြားရောဂါတွေကြားမှာ တုပ်ကွေးအဖျားရောဂါ ကူးစက်ခံဦးရေ တိုးလာပြီး ရုန်းကန်နေရတယ်လို့ ဒေသခံတွေနဲ့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း ဆူဒန်နိုင်ငံတဝန်းမှာ တုပ်ကွေးဖျားရောဂါ ကူးစက်ခံရသူ အသစ် ၇၂၃ ယောက်ကို မှတ်တမ်းတင်ထားပြီး သေဆုံးသူ ၂ ယောက် ရှိခဲ့ပါတယ်။

၂၀၂၅ ခုနှစ် အစပိုင်းကစပြီး ကူးစက်ခံရသူ စုစုပေါင်း အယောက် ၆,၁၈၀ ရှိပြီး သေဆုံးသူ ၉ ယောက် ရှိခဲ့တယ်လို့ ဆူဒန်ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မိုးရာသီအတွင်း ကူးစက်ပျံ့နှံ့တဲ့ တခြားရောဂါတွေက နောက်ထပ်ပြည်နယ် ၃ ခုကို ထိခိုက်စေခဲ့ပြီး ဆူဒန်နိုင်ငံတဝန်းမှာ စုစုပေါင်း ထိခိုက်ခံစားရတဲ့ ပြည်နယ် ၇ ခုအထိ ရှိလာခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မြို့တော်ဒေသထဲက ဘာရီမြို့မှာရှိတဲ့ ဟာ့ဂျ်အယ်လ် ဆာဖီ သင်ကြားရေးဆေးရုံမှာ အပတ်စဉ် တုပ်ကွေးရောဂါသည် အယောက် ၃၅၀ ဝန်းကျင်ရှိတယ်လို့ ဆရာဝန် အာမဒ် အယ်လ်တာယက်ဘ်က ပြောပါတယ်။

မိုးရေတွေ အိုင်ထွန်းနေပြီး အများသုံး ရေဆိုးစွန့်ပစ်ရေးစနစ် မရှိလို့ ရောဂါပိုးသယ်ဆောင်တဲ့ ခြင်တွေ ပျံ့နှံ့နေတဲ့အတွက် ပြဿနာ ပိုဆိုးရွားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တုပ်ကွေးရောဂါဟာ ဆူဒန်စစ်တပ်နဲ့ အရန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့တွေကြား စစ်ပွဲမဖြစ်ပွားမီ ၂၀၂၃ ခုနှစ်မှာ ဆူဒန်နိုင်ငံမြို့တော်ဆီ ပထမဆုံးအကြိမ်အဖြစ် စံချိန်တင် ပျံ့နှံ့ခဲ့တာပါ။

တုပ်ကွေးရောဂါဟာ ဆူဒန်မှာ ဒေသအလိုက် ကူးစက်နေတာပါ။ ထပ်ခါတလဲလဲ ကူးစက်ခံရရင် ပိုမိုပြင်းထန်နိုင်ပြီး တခါတရံမှာ အသက်ဆုံးရှုံးနိုင်လို့ ထိန်းချုပ်မှုက ရေရှည် စိုးရိမ်စရာ ဖြစ်လာနေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013