DVB Logo
Home
နိုင်ငံတကာ
ဂါဇာဆေးရုံကို အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးသူများ စစ်သွေးကြွမဟုတ်ဟု ဟားမတ်စ် ငြင်း
DVB
·
August 28, 2025
ဂါဇာဆေးရုံကို အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးသူများ စစ်သွေးကြွမဟုတ်ဟု ဟားမတ်စ် ငြင်း
Donate to DVB

ဂါဇာကမ်းမြောင်ဒေသ ခန်ယိုးနစ်ရှိ နက်ဆာဆေးရုံကို တနင်္လာနေ့က အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ ပါလက်စတိုင်းတွေဟာ စစ်သွေးကြွတွေ မဟုတ်ဘူးလို့ ဟားမတ်စ်အဖွဲ့က သြဂုတ် ၂၆ ရက်မှာ ငြင်းဆိုလိုက်ပါတယ်။

အစောပိုင်းက အစ္စရေးဟာ အဲဒီတိုက်ခိုက်မှုအတွင်း စစ်သွေးကြွ ၆ ယောက် သေဆုံးခဲ့ကြောင်း ပြောကြားခဲ့ပေမဲ့ သတင်းထောက် ၅ ယောက် အပါအဝင် အရပ်သားတွေ ဘယ်လို သတ်ဖြတ်ခံရသလဲ ဆိုတာကို စုံစမ်းစစ်ဆေးနေပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဒါဟာ စိတ်နှလုံးကြေကွဲစရာ မတော်တဆမှု တခုလို့ ပြောပါတယ်။

“အစ္စရေးစစ်တပ် တိုက်ခိုက်မှုကြောင့် အရပ်သား ၂၂ ဦး သေဆုံးခဲ့ပြီး ဆရာဝန်တွေ၊ သတင်းထောက်တွေ၊ အရပ်ဘက်ကာကွယ်ရေးက ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုပေးသူတွေ အပါအဝင် ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိသွားခဲ့ပါတယ်"လို့ ဟားမတ်စ်အစိုးရမီဒီယာရုံးက ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အစ္စရေး သိမ်းပိုက်ရေးစစ်တပ်က လူအစုလိုက်အပြုံလိုက်ကို ပြီးပြည့်စုံတဲ့ သတ်ဖြတ်မှုအတွက် တရားဥပဒေနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ဝတ္တရားတွေကို ရှောင်လွှဲဖို့ ရည်ရွယ်ပြီးတော့ သူတို့ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုအသစ်ကို အထောက်အထား တစုံတရာမရှိတဲ့ မဟုတ်မမှန် စွပ်စွဲပြောဆိုမှုတွေနဲ့ တရားမျှတတဲ့ပုံစံ ဖန်တီးခဲ့သေးတယ်လို့ဆိုပါတယ်။

အစ္စရေးက စစ်သွေးကြွတွေလို့ စွပ်စွဲထားတဲ့ ပါလက်စတိုင်း ၆ ယောက်ထဲက တချို့ဟာ နက်ဆာ ဆေးကုသရေးစင်တာရဲ့ အပြင်ဘက်မှာ သေဆုံးသွားကြတာကို မြေပြင်ပေါ်က အချက်အလက်တွေက အထောက်အထားပြထားတယ်။

တယောက်ဟာ ဆေးရုံနဲ့ မလှမ်းမကမ်း အယ်လ်မာဝါစီမှာ သေဆုံးခဲ့ပြီး တခြားတယောက်က တခြားတနေရာမှာ တချိန်တည်း သေဆုံးခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကျန်သေဆုံးသူတွေဟာ အရပ်သားတွေဖြစ်ပြီး အများစုဟာ ဒုတိယတိုက်ခိုက်မှုမှာ အသေခံခဲ့ကြရတာလို့လည်း ဆိုပါတယ်။

ဟားမတ်စ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ တခြားနေရာတွေမှာ အသတ်ခံခဲ့ရသူ ၂ ယောက်ဟာ အရပ်သားတွေ ဟုတ်၊ မဟုတ် ဆိုတာ ရှင်းရှင်းလင်းလင်း မဖော်ပြထားပါဘူး။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013