DVB Logo
Home
နိုင်ငံတကာ
ဒစ်ဂျစ်တယ် စီးပွားရေးလုပ်ငန်းများကို EU ကာကွယ်မည်
Ken
·
August 28, 2025
ဒစ်ဂျစ်တယ် စီးပွားရေးလုပ်ငန်းများကို EU ကာကွယ်မည်
Donate to DVB

နည်းပညာကုမ္ပဏီတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေ အပါအဝင် စီးပွားရေးလုပ်ငန်းတွေကို ထိန်းညှိခြင်းဟာ သူတို့ရဲ့ အချုပ်အခြာအာဏာဖြစ်တယ်လို့ ဥရောပသမဂ္ဂ (EU) က ဩဂုတ် ၂၆ ရက်မှာ ထပ်မံအတည်ပြုခဲ့ပါတယ်။

ဥရောပကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပေါ်လာပင်ဟိုက “ကျမတို့ရဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ကျမတို့နယ်မြေမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိန်းချုပ်ဖို့က EU နဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာ အခွင့်အရေးဖြစ်တယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီကိစ္စဟာ အမေရိကန်နဲ့ EU ရဲ့ မကြာသေးမီက မူဘောင်သဘောတူညီချက်ရဲ့ အစိတ်အပိုင်း မဟုတ်ဘူးလို့လည်း ပင်ဟိုက ထပ်ပြောပြီး ဒီကိစ္စနှစ်ရပ်ကို သီးခြားမေးခွန်းတွေအဖြစ် ပြောပြခဲ့ပါတယ်။

EU အစုအဖွဲ့ရဲ့ နည်းပညာပြောရေးဆိုခွင့်ရှိသူ သောမတ်စ် ရဂ်နီယာ ကလည်း ဝေဖန်ချက်တွေကို ပယ်ချခဲ့ပါတယ်။

EU ရဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုဥပဒေနဲ့ ဒစ်ဂျစ်တယ်စျေးကွက် အက်ဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေပြီး အမေရိကန်ကုမ္ပဏီတွေကို မခွဲခြားဖို့ အလေးပေး ပြောကြားပါတယ်။

ဒစ်ဂျစ်တယ်စျေးကွက်များ အက်ဥပဒေကို ချိုးဖောက်မှုအတွက် ဥရောပကော်မရှင်က အမေရိကန်ရဲ့ အက်ပဲလ် နိုင်ငံတကာ ကော်ပိုရေးရှင်းဆီက ယူရို သန်း ၅၀၀ နဲ့ညီမျှတဲ့ အမေရိကန်ဒေါ်လာ သန်း ၅၈၀ လောက်နဲ့ အမေရိကန် လူမှုမီဒီယာပလက်ဖောင်း ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ကို ယူရို သန်း ၂၀၀ ဒဏ်ရိုက်ခဲ့တယ်လို့ အခုနှစ် ဧပြီလမှာ ကြေညာခဲ့ပါတယ်။

ဒါဟာ ဒစ်ဂျစ်တယ်စျေးကွက် အက်ဥပဒေကို အကောင်အထည်ဖော်ပြီးတဲ့နောက် ပထမဆုံးသော ဒဏ်ငွေလည်း ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်စီးပွားရေးလုပ်ငန်းတွေအပေါ် ခွဲခြားဆက်ဆံတဲ့ အစီအမံတွေကို ရုပ်သိမ်းဖို့ ဒစ်ဂျစ်တယ်စည်းမျဉ်းနဲ့ ဒစ်ဂျစ်တယ်အခွန်တွေကို ကျင့်သုံးတဲ့ နိုင်ငံအားလုံးကို အင်္ဂါနေ့က လူမှုမီဒီယာမှာ ပို့စ်တင်ပြီး သတိပေးခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ဒီနိုင်ငံတွေဆီက ကုန်ပစ္စည်းတွေအပေါ် ထပ်လောင်း အခွန်စည်းကြပ်တာတွေ ထပ်မံချမှတ်ပြီး ချစ်ပ်တွေလို နည်းပညာမြင့်ထုတ်ကုန်တွေ တင်ပို့မှုကို ကန့်သတ်မယ်လို့လည်း သတိပေးခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013