DVB Logo
Home
မြန်မာသတင်း
PDF နည်းဗျူဟာ ၃၃ နှင့် မွန်ပြည်တော်လှန်ရေးတပ် MSRF တို့  ညီနောင်တပ်ဖွဲ့ ဖွဲ့စည်း
DVB
·
August 27, 2025
PDF နည်းဗျူဟာ ၃၃ နှင့် မွန်ပြည်တော်လှန်ရေးတပ် MSRF တို့  ညီနောင်တပ်ဖွဲ့ ဖွဲ့စည်း
Donate to DVB

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)  အမှတ် ၁ စစ်ဆင်ရေးနယ်မြေ နည်းဗျူဟာ ၃၃ နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ညီနောင်တပ်ဖွဲ့ ဖွဲ့စည်းကြောင်း ဩဂုတ် ၂၇ ရက်မှာ ကြေညာပါတယ်။

PDF နည်းဗျူဟာ ၃၃ နဲ့ MSRF တို့ဟာ ၂၀၂၃ ဇူလိုင် ၁၄ ရက် စကခ ၁၉ ဒရုန်းစစ်ဆင်ရေးကစပြီး  မဟာမိတ်အဖြစ် ပူးပေါင်းတိုက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။

မဟာမိတ်အဖြစ်ပူးပေါင်းပြီး ၂ နှစ်ကျော်ကာလအတွင်း စစ်ရေးဖော်ဆောင်မှုပေါင်း အကြိမ် ၄၀ နဲ့ ရန်သူ့စခန်းသိမ်းတိုက်ပွဲပေါင်း ၆ ကြိမ် ထပ်မနည်းဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

၂ နှစ်ကျော်ကြာ အတူတကွ စစ်ရေးဖော်ဆောင်မှုတွေ ပြုလုပ်ခဲ့ပြီး ရဲဘော်ရဲဘက်တွေ အချင်းချင်းကြား သွေးစည်း ညီညွတ်မှု၊ အနစ်နာခံမှု၊ ယုံကြည်မှုတို့နဲ့ ခိုင်မာပြီးတဲ့နောက် ညီနောင်တပ်ဖွဲ့ အဖြစ်ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။

PDF နည်းဗျူဟာ ၃၃ နဲ့ MSRF ညီနောင်တပ်ဖွဲ့ဟာ စစ်အာဏာရှင်နဲ့ ဘယ် အာဏာရှင်စနစ်မဆို အဆုံးတိုင် လက်တွဲပြီး တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013