DVB Logo
Home
နိုင်ငံတကာ
ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းပြုစုရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်ပြုလုပ်
DVB
·
August 27, 2025
ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းပြုစုရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်ပြုလုပ်
Donate to DVB

ဂင်းနစ် ကမ္ဘာ့စံချိန်ပြုစုရေးအဖွဲ့ဟာ နှစ်ပေါင်း ၇၀ ပြည့် အထိမ်းအမှတ်ကို ဩဂုတ် ၂၇ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဂင်းနစ် စတင်ဖြစ်ပေါ်လာတာကလည်း ဗြိတိန်နိုင်ငံက စတင်ခဲ့တာဖြစ်ပြီး ဂင်းနစ် အရက်ဘီယာ ထုတ်လုပ်သူ ဟုချ်ဘရီဗာ ဆိုသူက ဥရောပမှာ အမြန်ဆုံးငှက်အကြောင်း သိချင်တာကနေ စတင်ခဲ့တာပါ။

ဘယ်ငှက် အမြန်ဆုံးလဲဆိုတာ ဖော်ပြထားတဲ့စာအုပ် မရှိတာနဲ့ ဘရီဗာဟာ နော်ရစ်နဲ့ မက်ဝီသာ ဆိုတဲ့ အမြွှာညီအစ်ကို ၂ ယောက်ကို ငှားရမ်းပြီး အချက်အလက်ရှာဖွေမှု အေဂျင်စီကို လန်ဒန်မြို့မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုအချက်အလက်တွေကို အမြွှာ ၂ ယောက်က စုဆောင်းခဲ့ပြီး ၁၉၅၅ ခုနှစ် ခရစ္စမတ်မှာ ရောင်းအားအကောင်းဆုံးစာအုပ် ဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်ကတည်းက ဂင်းနစ်ကမ္ဘာ့စံချိန်တင်စာအုပ်ဟာ နှစ်စဉ် တီဗီစီးရီးတွေ၊ စာအုပ်တွေ၊ ပြတိုက်တွေနဲ့ ကမ္ဘာ့စံချိန်တင်နိုင်ဖို့ ကြိုးစားတဲ့ စံချိန်တင်အမှတ်အသားတခု ဖြစ်လာပါတယ်။

အဲဒီစာအုပ်ထဲမှာ ကမ္ဘာ့အရပ်အရှည်ဆုံးလူသား၊ ကမ္ဘာ့အချိန်အကြာဆုံး plank ထောက်သူနဲ့ ကင်းမြီးကောက်ထောင်ပြီး ကားကိုဆွဲနိုင်တဲ့ အမြန်ဆုံးလူသား စတဲ့ ထူးဆန်းတဲ့ အကြောင်းအရာတွေကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

လူတွေခြေထောက်ကြားကနေ စကိတ်စီးပြတဲ့ ခွေးဘီလူးလေး အော့တိုရဲ့ စွမ်းဆောင်ရည်နဲ့ ကုလားအုတ်တကောင်ရဲ့ အမြင့်ဆုံးခုန်နိုင်မှုတို့ကို မှတ်တမ်းတင်ထားတဲ့ အကြောင်းအရာတွေလည်း ပါဝင်ပါတယ်။

“၁၉၉၂ ခုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် ကျနော့်ဘဝလမ်းကြောင်း လွဲမှာကို ကျနော် မသိခဲ့ပါဘူး။ ဒါပေမဲ့ ကျနော့်ဘဝမှာ ဒီလိုအလုပ်တွေ လုပ်ရတာကို ကြိုက်နှစ်သက်တယ် ဆိုတာကို အမှန်တကယ် လုပ်ဆောင်နိုင်ခဲ့ပါတယ်” လို့ ဖဲချပ်တွေနဲ့ ကမ္ဘာ့အမြင့်ဆုံး အိမ်ဆောက်နိုင်တဲ့သူအဖြစ် စံချိန်တင်ခဲ့တဲ့ ဘရိုင်ယန်ဘတ်က ပြောပါတယ်။

ဘတ်ဟာ ဂင်းနစ်မှတ်တမ်း ၄ ကြိမ်ဝင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး သူ့ရဲ့ စံချိန်ဟောင်းတွေကို သူကိုယ်တိုင် ချိုးဖျက်ပြနိုင်ခဲ့ပါတယ်။

ဂင်းနစ်မှတ်တမ်းတွေထဲမှာ မဖြစ်နိုင်တဲ့ ရည်မှန်းချက်တွေကို ပြုလုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ကျွမ်းဘားကစားသမား ရစ်ချက်ဆန်က ပြောပါတယ်။

“ဂင်းနစ်ကမ္ဘာ့စံချိန်က စိတ်ဓာတ်တက်ကြွစေဖို့ အမှန်တကယ် လှုံ့ဆော်မှု ပေးနိုင်တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းက ဒီလိုစံချိန်မျိုး လုပ်နိုင်တဲ့သူ မရှိလို့ပါပဲ။ ဒီလိုလုပ်နိုင်တယ်ဆိုတာ ပြောနိုင်တဲ့သူ ဘယ်နှယောက်ရှိလဲ” လို့ ရစ်ချက်ဆန်က ဂင်းနစ်စံချိန်တင်အောင် ကြိုးစားရတဲ့ ခံစားမှုကို ပြောပြပါတယ်။

ဂင်းနစ်မှတ်တမ်းဟာ သမားရိုးကျမဟုတ်တဲ့ စွမ်းဆောင်မှုတွေနဲ့ ထူးခြားတဲ့ တီထွင်မှုတွေမှာလည်း အသိအမှတ်ပြုတဲ့ဆု ချီးမြှင့်ပေးပါတယ်။

အဲဒီအထဲမှာ ကမ္ဘာ့အမြန်ဆုံး ကလေးလက်တွန်းလှည်း ပြုလုပ်ခဲ့တဲ့ ဗြိတိန်တီထွင်သူ ကိုလင်ဖာ့ဇ်လို ထူးထူးဆန်းဆန်း လုပ်ဆောင်မှုတွေလည်း ပါဝင်ပါတယ်။

ဂင်းနစ် ကမ္ဘာ့စံချိန်ဝင်သူတွေကို ဂင်းနစ်အဖွဲ့က အသိအမှတ်ပြုတဲ့ မှတ်တမ်းစာရွက်သာ ပေးလေ့ရှိပြီး ဆုအဖြစ် ငွေကြေးနဲ့ တခြားတန်ဖိုးကြီးပစ္စည်းတွေ ပေးအပ်တာမျိုး မရှိပါဘူး။

ဂင်းနစ်စံချိန်တင်ချင်သူတွေအနေနဲ့လည်း သူတို့ရဲ့ ကိုယ်ပိုင်ငွေကြေးကို အသုံးပြုပြီး မှတ်တမ်းတင်နိုင်ဖို့ ကြိုးစားရတာဖြစ်ပြီး ဒီအောင်မြင်မှုကိုပဲ ဂုဏ်ယူကြတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013