DVB Logo
Home
မြန်မာသတင်း
ဖရူဆို စစ်ရှောင်စခန်းအနီး စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၃ ဦး ထိခိုက်
DVB
·
August 26, 2025
ဖရူဆို စစ်ရှောင်စခန်းအနီး စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၃ ဦး ထိခိုက်
Donate to DVB

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်က စစ်ရှောင်ပြည်သူနေထိုင်နေတဲ့ စစ်ရှောင်စခန်းကို သြဂုတ် ၂၆ ရက်မနက်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၃ ယောက် ထိခိုက်မိတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ၂ ဦးဗညားက အတည်ပြုပါတယ်။

ဒီနေ့ မနက်အစော ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က Y 12 လေယာဥ်နဲ့ ဗုံး ၆ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

IEC အတွင်းရေးမှူး ၂ ဦးဗညားက “မနက်အစောကြီးပေါ့နော်၊ Y 12 နဲ့ ဗုံးကြဲတယ်လို့ သိရတာပေါ့နော်။ ၃ ယောက် ဒဏ်ရာရမှုရှိတယ်။ ၂ ယောက်က ဒဏ်ရာ နည်းနည်းပြင်းထန်တယ်လို့ ပြောတယ်။ Y 12 နဲ့ ၆ ကြိမ် ကြဲချသွားတာပေါ့နော်။ တကြိမ်ကြဲရင် ပုံမှန်အားဖြင့် ၄ လုံး၊ ၆ လုံး ကြဲတယ်။ အရေအတွက် အတိအကျတော့ မသိသေးဘူး။ ၆ ကြိမ် ကြဲတယ်တော့ သိထားတယ်” လို့ ​ပြောပါတယ်။

သြဂုတ် ၂၅ ရက် ညနေခင်းမှာလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်တပ်က လက်နက်ကြီးတွေနဲ့ အတွဲလိုက်ပစ်နေလို့ ပြည်သူတွေ ထိတ်လန့်နေရတယ်လို့ သိရပါတယ်။

ခုလက်ရှိမှာလည်း ဖရူဆိုမြို့နယ် တနေရာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ကနဦး သိရပေမဲ့ အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်က ဖားဆောင်းမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်တွေကို စစ်တပ်က သြဂုတ်လထဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူ အယောက် ၃၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိသလို ဘာသာရေးအဆောက်အအုံ၊ ဆေးရုံနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013