DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တရားမဝင် မြန်မာ ၁၃၆ ဦးနှင့်  လမ်းပြ  ၃ ဦး ဖမ်းဆီးခံရ 
DVB
·
August 26, 2025
ကန်ကျနပူရီတွင် တရားမဝင် မြန်မာ ၁၃၆ ဦးနှင့်  လမ်းပြ  ၃ ဦး ဖမ်းဆီးခံရ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ကန်ကျပူရီခရိုင်မှာဆို ပြီးခဲ့ရက်ပိုင်းက တရားမဝင် ဝင်ရောက်လာတဲ့  မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁၃၆ ယောက် နဲ့  မြန်မာ လမ်းပြ ၃ ယောက် တို့ ဖမ်းဆီးခံရတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ 

ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်၊ ပလန်ဖလဲကျေးရွာအုပ်စုက တောထဲမှာ ဩဂုတ် ၂၅ ရက်က လူ့ခြေရာတွေအများအပြား တွေ့ရှိကြောင်း ဒေသခံတွေက သတင်းပေးတာကြောင့် မြို့နယ်အုပ် ချုပ်ရေးရုံး၊ လဝက၊ နယ်ခြားစောင့်တပ်နဲ့ ရပ်ကျေးလုံခြုံရေးက တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်း အဖွဲ့ဟာ မသင်္ကာဖွယ်ရာနေရာတွေကို သွားရောက်စစ်ဆေးခဲ့ကြပါတယ်။ 

မွန်းလွဲ ၁ နာရီလောက်မှာတော့ ဝချီရာလောင်ကွန်းဆည်အနီး ခေါင်လဲမ်တောင်ခြေတောအုပ်ထဲမှာ ပုန်းအောင်းနေသူတွေ တွေ့ရှိတယ်။

အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား ၆၂  ယောက်၊ အမျိုးသမီး ၃၈ ယောက် စုစုပေါင်း အယောက် ၁၀၀ ဖြစ်ပြီး ဘန်ကောက်နဲ့ မလေးရှားနိုင်ငံဘက် အလုပ်သွားလုပ်မယ်လို့ ဆိုပါတယ်။

သူတို့ဟာ မြန်မာဘက်ခြမ်း ဂျပန်ရေတွင်းရွာကနေ ဝင်ရောက်လာပြီး တောထဲမှာ ၄ ရက်တာ ခြေလျင်လျှောက်ခဲ့ရကာ ပွဲစားကို တယောက် လျှင် ဘတ် ၁၀,၀၀၀ မှ ၁၅,၀၀၀ ထိပေးခဲ့ကြရပြီး ပွဲစားက ကားနဲ့လာကြိုမှာကို တောထဲကနေ စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။ 

အလားတူ ဩဂုတ် ၂၆ ရက် မနက် ၄ နာရီကလည်း ကန်ကျနပူရီခရိုင် ဆိုင်းယုဒ်မြို့နယ်ထဲမှာ တရားမဝင် မြန်မာနိုင်ငံသား ၃၆ ယောက်နဲ့ ယာဉ်မောင်း(လမ်းပြ) မြန်မာ ၃  ယောက် တို့ ဖမ်းဆီးခံရတယ်လို့ ကန်ကျနပူရီသတင်းမှာ ဖော်ပြပါတယ်။ 

နယ်မြေထဲ တရားမဝင်အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရတာကြောင့် ထောင်းဖာဖူးမြို့နယ်က တာဝန်ရှိသူတွေဟာ မသင်္ကာဖွယ်လမ်းကြောင်းတွေကို စောင့်ကြပ်စစ် ဆေးခဲ့ကြတယ်၊ မနက် ၃  နာရီလောက်မှာ  ဆန်ခလပူရီမြို့နယ်ဘက်ကနေ  လမ်းအမှတ် ၃၂၃ အတိုင်း ရှေ့ဆင့်နောက်ဆင့် မောင်းဝင်လာတဲ့ ဟိုင်းလပ်စ်ကား ၄ စီး  တွေ့ရှိလို့ စစ်ဆေးဖို့ အချက်ပေးလိုက်ပေမဲ့ ရပ်မပေးဘဲ အရှိန်မြှင့်မောင်းထွက်သွားတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက ကားနဲ့ အနောက်ကနေ လိုက်သွားရာမှာ ၆၀ ကီလိုမီတာအကွာ  ဆိုင်းယုဒ်မြို့နယ်ထဲ မောင်းဝင်သွားတယ်၊ အမျိုးသားသဘာဝ ဥယျာဉ်အဝင်လမ်း ဆိုင်းယုဒ် ရေတံခွန်ကြီးအနီးမှာ အဲဒီကားတွေကို မှီလာကာ  ကား ၄ စီးပေါ်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၆ ယောက် လိုက်ပါလာပြီး ယာဉ်မောင်းဖြစ်သူ မြန်မာအမျိုးသား ၃ ယောက်ကိုပါ ဖမ်းဆီးရမိတယ်၊ ယာဉ်မောင်းနောက်တယောက်ကတော့ ကားကိုရပ်ပြီး ထွက်ပြေးလွတ်မြောက် သွားတယ်လို့ ဆိုပါတယ်။ 

သူတို့တွေဟာ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်ဖို့  ပွဲစားကို တယောက်လျှင် ဘတ် ၁၅,၀၀၀ မှ ၂၀,၀၀၀ ထိပေးခဲ့ရတယ်တယ်လို့ သိရပါတယ်။

ယာဉ်မောင်းသမား ၃ ယောက်ကတော့ သူတို့တာဝန်က နယ်စပ်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းသို့  ပို့ဆောင်ပေးဖို့ဖြစ်ပြီး တရားမဝင် ဝင်လာသူတွေဆီကနေ ကားခ တယောက်ကို ဘတ် ၆၀၀၀ မှ ၁၀၀၀၀ ထိရတယ်လို့  ဝန်ခံသွားပါတယ်။ 

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှု၊ အလုပ်အကိုင်ရှားပါးမှုနဲ့ လုံခြုံရေးပြဿနာ‌တွေကြောင့် ပြည်သူပြည်သား အမြောက်အမြား ပြည်ပနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ခွာရှာဖွေလုပ်ကိုင်နေတာ မှာ တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရတာတွေလည်း နေ့စဉ်လို ရှိနေပါတယ်။ 

Source : Kanchaburi News / JoCho News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013