DVB Logo
Home
မြန်မာသတင်း
မြဝတီမြို့၌ စစ်ကောင်စီတပ်က အင်အား ၃၀၀ ကျော် တိုးချဲ့ချထား  
DVB
·
August 26, 2025
မြဝတီမြို့၌ စစ်ကောင်စီတပ်က အင်အား ၃၀၀ ကျော် တိုးချဲ့ချထား  
Donate to DVB

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စစ်ကောင်စီတပ်က  စစ်မှုထမ်းတပ်သားသစ်တွေနဲ့ တပ်အင်အား ၃၀၀ ကျော် တိုးချဲ့ချထားတာကြောင့် တိုက်ပွဲဖြစ်ပွားမှာကို မြို့ခံတွေက စိုးရိမ်နေကြပါတယ်။

မြဝတီမြို့မှာ ဩဂုတ် ၂၄ ရက်က အမှတ် ၂ ချစ်ကြည်ရေး တံတား၊ ရှေ့တန်းရုံးနဲ့  မြဝတီမြို့ပေါ်မှာ စစ်တပ်က အင်အား ၃၀၀ ကျော် တပ်အင်အားတိုးချဲ့ချထားတာပါ။

မြဝတီမြို့ပေါ်က ဖမ်းဆီးခံထားရတဲ့ လူငယ်တွေကို စစ်သင်တန်းပေးပြီးနောက် ခလရ ၂၇၅ တပ်ရင်းကနေ တပ်အင်အား တိုးချဲ့ချထားတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“သူက မြဝတီမြို့မှာ လုံခြုံရေးအတွက် အင်အားတွေ တိုးချဲ့နေတယ်။ စစ်မှုထမ်းအတွက် ကလေးတွေကို ဖမ်းတယ်။ အင်အားတွေချဲ့တယ်။ အရင်တုန်းက ၂၇၅ တပ်နဲ့ မြဝတီရှေ့တန်းရုံးရယ် အဲလိုနေရာမှာပဲ ထားထားတယ်။ အခုကျတော့ အင်အားများများလာတဲ့အခါကျတော့ အမှတ် ၂ တံတားကိုပါ ခွဲခွဲပြီး ထားထားတာ။ အင်အားတွေ ချဲ့ချဲ့ပြီး လုံခြုံရေးတွေ တဖြေးဖြေးချဲ့ထုတ်နေတာ။ သူတို့ အင်အားချဲ့ပြီးတော့ နည်းနည်းအင်အားကြီးလာရင် တိုက်ပွဲဖြစ်မှာကို စိုးရိမ်ရတာပေါ့။”

ကျုံဒိုး- ကော့ကရိတ်-မြဝတီ လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က အင်အားဖြည့်တင်းပြီး ထိုးဖောက်ဖို့ကြိုးစားနေတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေနဲ့  တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒါ့အပြင် အောင်ဇေယျစစ်ကြောင်း ရောက်ရှိလာပြီး တိုက်ပွဲတွေဖြစ်ပွားလာမှာကို စိုးရိမ်တယ်လို့ မြဝတီမြို့ခံက ပြောပါတယ်။

“အင်အားချဲ့တာကျတော့ အကြောင်းတခုခုတော့ ရှိရမှာပေါ့။ အကြောင်းမရှိဘဲ သူတို့လုပ်တာတော့ မဟုတ်ဘူး။ သူတို့မှာ ဘယ်လိုရှုပ်ထွေးမှုရှိလည်းတော့ မသိဘူး။ လူအင်အား ချဲ့တာတော့ စိုးရိမ်ရတာပေါ့။ တိုက်ပွဲဖြစ်မယ့် အခြေအနေမျိုးရှိတာပေါ့နော်။ အခြေအနေတွေက ကြားနေရတာတော့ အမျိုးမျိုးပဲ။ အောက်ဘက်မှာဆိုရင်လည်း အောင်ဇေယျစစ်ကြောင်းတွေ တက်တယ်။ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ရှုပ်ထွေးမှုတွေလည်း ရှိတယ်။ အဖွဲ့တွေကွဲနေတယ်။ အဲလိုဖြစ်တယ်ဆိုတော့ မြဝတီဆိုတာ ဖြစ်လာရင် တခြားမြို့တွေနဲ့ မတူဘူး။  ပိုပြီးရှုပ်ထွေပြီးတော့ ပိုပြီးတော့ ခက်ခဲမယ်။”

၂၀၂၄ ခုနှစ် ဧပြီ ၁၀  ရက် ည ၁၀ နာရီက မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၅ တပ်ရင်းကို KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းတွေက အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါတယ်။ 

တပ်ရင်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံးပြီး တပ်မမှူးနဲ့အင်းအား ၂၀၀ ​လောက်က တပ်ရင်းကိုစွန့်ခွာကာ ထိုင်း-မြန်မာ နယ်စပ် အမှတ် ၂ တံတားဘက်ကိုဆုတ်ခွာပြီး  အ​ခြေပြုခဲ့ပါတယ်။

လက်ရှိအချိန်အထိ သင်္ကန်းညီနောင် ဗျူဟာအပါအဝင် ခမရ ၃၅၅၊ ခမရ ၃၅၆ တပ်ရင်းတွေကို KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းတွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013