လီဗာပူးဂန္ထဝင် ကစားသမား ဂျေမီကာရေဂါက အသင်းရဲ့ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့တွေကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
ပေါင် ၄၄၅ သန်းအထိ သုံးစွဲခဲ့တဲ့ ဒီအပြောင်းအရွှေ့တွေဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးဆုံးဖြစ်လာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
အန်ဖီးလ်မှာ ရောက်ရှိလာတဲ့ ကစားသမားတွေ ခြေစွမ်းမပြနိုင်တာကြောင့် အသင်းရဲ့ တိုးတက်မှုဟာ တနှစ်၊ ၂ နှစ်လောက် နောက်ပြန်ဆုတ်သွားနိုင်တယ်လို့ ကာရေဂါက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အန်ဖီးလ်ဂန္ထဝင် ကာရေဂါကတော့ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကနေ ရောက်လာတဲ့ ကစားသမားတွေကို ခြေစွမ်းပိုကောင်းအောင် ကြိုးစားဖို့ တိုက်တွန်းထားပါတယ်။
သူတို့အနေနဲ့ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသဖို့ လိုအပ်နေတာကိုလည်း သူက ထောက်ပြခဲ့ပါတယ်။
မဟုတ်ရင်တော့ ဒီကစားသမားတွေဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးဆုံး အပြောင်းအရွှေ့ အစုအဝေးအဖြစ် သတ်မှတ်ခံရလိမ့်မယ်လို့ ကာရေဂါက သတိပေးပါတယ်။











