DVB Logo
Home
မြန်မာသတင်း
KTV တွင် သေနတ် မေ့ကျန်ပျောက်ခဲ့သည့် စရဖ ဗိုလ်ကြီး ဖမ်းဆီးစစ်ဆေးခံနေရ
DVB
·
August 24, 2025
KTV တွင် သေနတ် မေ့ကျန်ပျောက်ခဲ့သည့် စရဖ ဗိုလ်ကြီး ဖမ်းဆီးစစ်ဆေးခံနေရ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မှာ စစ်ကောင်စီရဲ့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) ဗိုလ်ကြီးတယောက် KTV သွားရင်း သေနတ်နဲ့ အသုံးအဆောင်ပစ္စည်းတွေ ပျောက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ သူအပါအဝင် အရပ်သားတွေ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စရဖ ဗိုလ်ကြီးအောင်မြင့်ဦးဟာ သြဂုတ် ၁၆ ရက် ညပိုင်းက KTV တခုကို သွားရင်းနဲ့ သူကိုင်တဲ့ ၉-မမ ပစ္စတိုသေနတ် ၁ လက်၊ Xiomi ဖုန်း ၁ လုံး၊ ငွေသားတွေ၊ မှတ်ပုံတင်နဲ့ ဝန်ထမ်းကတ်တွေပါ မေ့ကျန်ပျောက်ဆုံးခဲ့တာဖြစ်ပြီး ဒါပတ်သက်လို့ သြဂုတ် ၂၀ ရက်မှာ ဗိုလ်ကြီးအောင်မြင့်ဦး ကို စစ်တပ်က ဖမ်းဆီး စစ်ဆေး​နေတာလို့ သိရပါတယ်။

ဖြစ်စဉ်ကို သိရှိတဲ့သူတယောက်က “KTV သွားရင်း မေ့ကျန်ပျောက်သွားတာ။ အဲဒါကို သတင်းဖုံးလွှဲပြီး အခိုးခံရတယ်ဆိုပြီး အရပ်သားတွေကို ဖမ်းဆီးရိုက်နှက် စစ်ဆေးနေတာ။ အခုတော့ သတင်းက ဖုံးမရဘဲ သူ့ကို ဖမ်းဆီးစစ်ဆေးခံနေရတာ။ အထက်ကိုလည်း အခိုးခံရတာပေါ့။ ဝိုင်းဖုံးတင်ပြထားတာ” လို့ ပြောပါတယ်။

ဗိုလ်ကြီးအောင်မြင့်ဦးက သေနတ်နဲ့ ဖုန်းအပါအဝင် ပစ္စည်းတွေဟာ သူ ငှားရမ်းနေထိုင်တဲ့ အိမ်မှာအခိုးခံရတာဆိုပြီး ငွေဆောင်မြို့ထဲက အိမ်ငှားပိုင်ရှင် ကိုဇင်လင်းထိုက် အပါအဝင် အရပ်သား ၁၇ ယောက်ကို ငွေဆောင်မြို့ရဲစခန်းမှာ ဖမ်းထားပြီး စစ်ဆေးနေတာလို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “အဖမ်းခံရတဲ့သူတွေထဲက ၄ ယောက် ပြန်လွတ်လာတယ်။ အိမ်ရှင်နဲ့ အဲဒီအနားတဝိုက်က လူငယ်တွေချည်းပဲ အဖမ်းခံရတာပါ။ သူ(ဗိုလ်ကြီးအောင်မြင့်ဦး)က မသင်္ကာလို့ ဖမ်းထားတဲ့သူတွေ အကုန်ပြန်မလွတ်သေးဘူး။ သူ့ကို တိုင်းမှူးအမိန့်နဲ့ ဖမ်းစစ်နေတာလို့ သိရတယ်” လို့ ပြောပါတယ်။

ဗိုလ်ကြီးအောင်မြင့်ဦးကို အနောက်တောင်တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်တနေရာမှာ ဖမ်းဆီး စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013