DVB Logo
Home
မြန်မာသတင်း
တရားမဝင်သေနတ် ၅၀၀ ခန့်ကို ဖျက်ဆီးခဲ့ဟု MNDAA ထုတ်ပြန်
DVB
·
August 24, 2025
တရားမဝင်သေနတ် ၅၀၀ ခန့်ကို ဖျက်ဆီးခဲ့ဟု MNDAA ထုတ်ပြန်
1 / 6
Donate to DVB

ကိုးကန့်အထူးဒေသ ၁ ရဲတပ်ဖွဲ့ဟာ တရားမဝင်သေနတ် ၄၇၆ လက်ကို ဖျက်ဆီးခဲ့တယ်လို့ ကိုးကန့်တပ်(MNDAA)က ဩဂုတ် ၂၄ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

သြဂုတ် ၂၁ ရက်နေ့က ကိုးကန့်အထူးဒေသ ၁  ရဲတပ်ဖွဲ့ဟာ တရားမဝင်သေနတ်တွေ စုပုံဖျက်ဆီးပွဲကို ပြုလုပ်ခဲ့ပြီး ဒီလုပ်ရပ်ဟာ သေနတ်နဲ့ပတ်သက်တဲ့ ရာဇဝတ်မှုတွေကို ပြင်းပြင်းထန်ထန်နှိမ်နင်းပြီး လက်နက်ထိန်းချုပ်တာကို အားကောင်းစေဖို့ ကိုးကန့်အထူးဒေသ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ပြသတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးတော့ လုံခြုံရေးအန္တရာယ်တွေကိုဖယ်ရှားပြီး နယ်စပ်ဒေသတည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ ကိုးကန့်အထူးဒေသအစိုးရရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုလည်း ထင်ဟပ်စေတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဟာ စစ်ဆေးရေးဂိတ်တွေ တည်ထောင်ပြီး တင်းတင်းကျပ်ကျပ်တဲ့စစ်ဆေးခဲ့တာကြောင့် တရားမဝင်သေနတ်တွေ ဖြန့်ဖြူးတာကို ထိထိရောက်ရောက် တားဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအထူးစစ်ဆင်ရေးအတွင်း စုစုပေါင်း တရားမဝင်သေနတ် ၆၇၆ လက်ကို သိမ်းဆည်းရမိခဲ့ပြီး အဲဒီအထဲက အလက် ၂၀၀ ကိုတော့ တရုတ်ဘက်ကို ဥပဒေအရ လွှဲပြောင်းပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မီးရှို့ဖျက်ဆီးခဲ့တဲ့သေနတ်တွေကတော့ လေဖိအားသုံးသေနတ်၊ တူမီးသေနတ်တွေ ပါတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013