DVB Logo
Home
နိုင်ငံတကာ
ဥရောပနှင့် အိန္ဒိယနိုင်ငံတို့က အမေရိကန်ဆီ စာတိုက်ကတဆင့် ကုန်စည်တင်ပို့မှုကို ရပ်ဆိုင်း
DVB
·
August 24, 2025
ဥရောပနှင့် အိန္ဒိယနိုင်ငံတို့က အမေရိကန်ဆီ စာတိုက်ကတဆင့် ကုန်စည်တင်ပို့မှုကို ရပ်ဆိုင်း
Donate to DVB

ပို့စ်တယ်လ် အီတာလီယံ စာတိုက်လုပ်ငန်းဟာ ဩဂုတ် ၂၃ ရက်မှာ တခြားဥရောပစာတိုက်ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ပူးပေါင်းလိုက်ပြီး အမေရိကန်ဆီ ပါဆယ်တင်ပို့မှု အများစုကို ရပ်တန့်လိုက်ပါတယ်။

တန်ဖိုးနည်း အထုပ်အပိုးတွေအပေါ် အကောက်ခွန်တွေ စည်းကြပ်ဖို့ အမေရိကန် အကောက်ခွန်ဌာနက လှုပ်ရှားနေချိန်မှာ အိန္ဒိယ စာတိုက်ဌာနကလည်း အဲဒီနေ့မှာပဲ အလားတူ ခြေလှမ်းကို ကြေညာခဲ့ပါတယ်။

ကုမ္ပဏီက အမေရိကန်ဆီ တင်ပို့တဲ့ ကုန်ပစ္စည်းတွေပါတဲ့ တင်ပို့မှုအားလုံးကို ချက်ချင်းလက်မခံတော့ဘူးလို့ ပြောခဲ့တာပါ။

ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ သြစတြီးယားနဲ့ ဒိန်းမတ်တို့က ခုလိုပဲ ဆိုင်းငံ့ထားကြောင်း ကြေညာထားပြီပါပြီ။ 

အမေရိကန် ဒေါ်လာ ၁၀၀ အထိ တန်ဖိုးရှိတဲ့ စာတွေ၊ စာရွက်စာတမ်းတွေနဲ့ လက်ဆောင်ပစ္စည်းတွေ ကလွဲလို့ သြဂုတ် ၂၅ ရက်ကစပြီး အမေရိကန်ဆီ စာပို့ဝန်ဆောင်မှုတွေကို ယာယီရပ်ဆိုင်းတယ်လို့ အိန္ဒိယ စာတိုက် ဌာနက စနေနေ့က ကြေညာခဲ့ပါတယ်။

အမေရိကန် ဒေါ်လာ ၈၀၀ အထိ တန်ဖိုးရှိတဲ့ သွင်းကုန်တွေအတွက် အခွန်လွတ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ဖို့ ဇူလိုင် ၃၀ ရက်မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အမှုဆောင် အမိန့်ထုတ်အပြီးမှာ ဒီဆုံးဖြတ်ချက်တွေကို ချမှတ်တာပါ။ ဒီဆုံးဖြတ်ချက်တွေဟာ ဩဂုတ် ၂၉ ရက်ကစပြီး အသက်ဝင်မှာ ဖြစ်ပါတယ်။  

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013