DVB Logo
Home
နိုင်ငံတကာ
ယူကရိန်း တိုက်ခိုက်မှုကြောင့် ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားကို ရုရှား ရေနံပေးပို့မှု ရပ်တန့်
DVB
·
August 24, 2025
ယူကရိန်း တိုက်ခိုက်မှုကြောင့် ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားကို ရုရှား ရေနံပေးပို့မှု ရပ်တန့်
Donate to DVB

ရုရှားနိုင်ငံရှိ စက်ရုံတခုကို ယူကရိန်းရဲ့ နောက်ဆုံးတိုက်ခိုက်မှုအပြီး ဟန်ဂေရီနဲ့ စလိုဗက်ကီးယား တို့ဆီကို ရုရှားရေနံ ထောက်ပံ့စီးဆင်းမှု အနည်းဆုံး ၅ ရက်ကြာ ရပ်တန့်သွားနိုင်ကြောင်း ဟန်ဂေရီနဲ့ စလိုဗက်ကီးယားအစိုးရတွေက သြဂုတ် ၂၂ ရက်မှာ ပြောကြားခဲ့ပြီး ယူကရိန်းစစ်ပွဲကြောင့် ပိုမိုကျယ်ပြန့်လာနေတဲ့ အကျိုးသက်ရောက်မှုတွေလို့ ဆိုပါတယ်။ 

ဥရောပသမဂ္ဂဟာ ၂၀၂၂ ခုနှစ်က ရုရှားရဲ့ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မှုကြောင့် စွမ်းအင်ထောက်ပံ့မှုတွေကို လျှော့ချခဲ့ပြီး၊ ၂၀၂၇ ခုနှစ်ကုန်ချိန်မှာ ရုရှားရေနံနဲ့ ဓာတ်ငွေ့ကို လုံးဝရပ်စဲဖို့ ရည်မှန်းထားတာပါ။ 

ဥရောပသမဂ္ဂဝင် စလိုဗက်ကီးယားနဲ့ ဟန်ဂေရီ တို့ကတော့ ရုရှားရေနံနဲ့ ဓာတ်ငွေ့ ရပ်စဲရေးကို ကန့်ကွက်ခဲ့ပြီး သူတို့ရဲ့စီးပွားရေးတွေဟာ ရုရှားဆီက ပေးပို့မှုတွေအပေါ် မူတည်နေကြောင်း ပြောကြပါတယ်။ 

အဲဒီ ၂ နိုင်ငံတို့ဟာ ယူကရိန်း ပြောသလို မော်စကို ကို ခိုင်မာတဲ့ ငြိမ်းချမ်းရေးဆီကို တွန်းအားပေးဖို့အတွက် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့က အရေးကြီးတယ် ဆိုတာကိုလည်း  ဆန့်ကျင်ခဲ့ကြပါတယ်။ 

ဟန်ဂေရီနဲ့ စလိုဗက် အစိုးရတွေဟာ သောကြာနေ့က ဥရောပရဲ့ အမှုဆောင်ကော်မရှင်ကို စာရေးပြီးတော့ ယူကရိန်းရဲ့ နောက်ဆုံးတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၅ ရက်ကြာ ရုရှားရေနံတင်သွင်းမှု မရနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ထောက်ပံ့မှုတွေကို လုံခြုံရေး အာမခံချက်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ 

ဆိုဗီယက်ခေတ်က ဒရပ်ဇ်ဘာ ရေနံပိုက်လိုင်းဟာ ဘီလာရုစ်နဲ့ ယူကရိန်းကိုဖြတ်ပြီး ရေနံတွေကို ကာဇက်စတန်ကနေ ပိုလန် အဲဒီကမှတစ်ဆင့် ဂျာမနီကို တင်ပို့တာအပြင် ရုရှားကနေလည်း ဟန်ဂေရီနဲ့ စလိုဗက်ကီးယားကို တင်ပို့ပါတယ်။ 

ဂျာမနီကတော့ ယူကရိန်းရဲ့ နောက်ဆုံးတိုက်ခိုက်မှုကြောင့် ကာဇတ် ရေနံပေးပို့မှုဟာ ထိခိုက်မှု မရှိကြောင်း ပြောပါတယ်။ 

အခုခါ ၄ နှစ်မြောက် ရှိလာပြီဖြစ်တဲ့ စစ်ပွဲကိုအဆုံးသတ်ရေး သဘောတူညီချက်တရပ် ရရှိဖို့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က တွန်းအားပေးနေပေမဲ့လည်း ရုရှားနဲ့ ယူကရိန်း တို့ဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ တဖက်နဲ့တဖက် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို အပြန်အလှန် တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေတာပါ။

ကြာသပတေးနေ့ညက ယူကရိန်းတိုက်ခိုက်မှုဟာ အခုသီတင်းပတ်အတွင်း ဒုတိယအကြိမ်ဖြစ်ပြီး ရုရှားရေနံထောက်ပံ့မှုကို တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ ရပ်နားထားရပြီးနောက်မှာ ဟန်ဂေရီနဲ့ စလိုဗက်ကီးယားတို့ဆီ ရေနံစီးဆင်းမှု ပြတ်တောက်သွားခဲ့ကြောင်း သိရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013