DVB Logo
Home
မြန်မာသတင်း
၃ လအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသစ် လျှောက်ထားခြင်းမရှိ
DVB
·
August 24, 2025
၃ လအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသစ် လျှောက်ထားခြင်းမရှိ
Donate to DVB

ပြည်ပလုပ်သားစေလွှတ်ခွင့်ကို စစ်ကောင်စီက တင်းကျပ်လိုက်လိုက်ပြီးနောက် အေဂျင်စီ အသစ်ဖွင့်လှစ်လုပ်ကိုင်ခွင့် လျှောက်တာတွေပါရပ်သွားတယ်လို့ အဲဒီလုပ်ငန်းအသိုက်အဝန်းကနေ သိရပါတယ်။

ပြည်ပလုပ်သားစေလွှတ်တဲ့အပေါ် စစ်ကောင်စီက ကန့်သတ်ထိန်းချုပ်တာတွေ လုပ်လာတဲ့ မတ်လမတိုင်ခင်အချိန်အထိ လစဥ် အေဂျင်စီအသစ် တိုးမြှင့်ခဲ့ပေမဲ့ အခုနောက်ဆုံး ၃ လတာကာလအတွင်းမှာ ထပ်တိုးမလာတော့တာလို့ ဆိုပါတယ်။

လုပ်သက်ရင့်အေဂျင်စီလုပ်ငန်းရှင် တယောက်က “ဘယ်သူမှ မစွန့်စားရဲဘူးလေ။ ပထမတော့ ပြည်ပ ထွက်ချင်တဲ့သူတွေများလို့ အခြေအနေကောင်းမလားဆိုပြီး တခြားနယ်ပယ်က လူတွေ အလုံးအရင်းနဲ့ ဝင်လာကြတာ။ အခုငုတ်တုတ်မေ့ကုန်ပြီ”လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်စာရင်းတွေအရ မေလထဲမှာ ပြည်ပအလုပ်အကိုင် အေဂျင်စီအသစ်တခုကို နောက်ဆုံးလိုင်စင်ချထားပေးခဲ့တာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်အချိန်က ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၀၀ လောက်ပဲ ရှိခဲ့ရာကနေ ၂၀၂၁ နောက်ပိုင်း အေဂျင်စီ ၆ ၀၀ ကျော်အထိရှိလာပြီး အေဂျင်စီအသစ်တွေ တရှိန်ထိုး တိုးလာခဲ့တာပါ။

အေဂျင်စီလုပ်ငန်းနဲ့ နီးစပ်တဲ့လုပ်ငန်းရှင်တယောက်က “ဒေါက်တာပွင့်ဆန်း အလုပ်သမားဝန်ကြီး ဖြစ်တော့ သူနဲ့နီးစပ်တဲ့ လုပ်ငန်းရှင်တွေကို အေဂျင်စီလိုင်စင် ပေါပေါသောသော ချပေးရာကနေ အခုလို များလာတာ။ အဲဒီတုန်းကတော့ ပြည်ပထွက်ခွင့်က သိပ်မတင်းကျပ်သေးဘူး”လို့ ပြောပါတယ်။

လက်ရှိမှာ အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပထွက်လုပ်ခွင့်ပေးထားသလို အေဂျင်စီတခုချင်းအလိုက် စေလွှတ်ရမယ့် လုပ်သားဦးရေကို ကန့်သတ်ထိန်းချုပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013