DVB Logo
Home
မြန်မာသတင်း
ကရင်နီတွင် တော်လှန်ရေး ရဲဘော် ၃ ဦးကျဆုံး
DVB
·
August 23, 2025
ကရင်နီတွင် တော်လှန်ရေး ရဲဘော် ၃ ဦးကျဆုံး
1 / 9
Donate to DVB

ကရင်နီပြည်နယ်က ရှေ့တန်းစစ်မျက်နှာပြင်မှာ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၈၀၅ တပ်ရင်း၊ ထနောင်းစစ်ကြောင်းက ရဲဘော် ၂ ယောက်နဲ့ Deemoso Local PDF တပ်ရင်း ၁ က ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ တပ်ရင်းတွေက သြဂုတ် ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အမှတ် ၈၀၅ တပ်ရင်း၊ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်၊ ထနောင်းစစ်ကြောင်း တပ်ခွဲ ၂ က ရဲဘော်ဟိန်းထက် ဟာ စစ်ဆင်ရေးလုပ်ရင်း ဒဏ်ရာရလို့ သြဂုတ် ၁၉ ရက်နေ့မှာ ကျဆုံးခဲ့ရပြီး ရဲဘော် သန့်ဇင်က သြဂုတ် ၂၁ ရက်နေ့မှာ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ရဲဘော်ဟိန်းထက်စျာပနကို သြဂုတ် ၂၁ ရက်မှာပြုလုပ်ခဲ့ပြီး ရဲဘော် သန့်ဇင်စျာပနကိုတော့ သြဂုတ် ၂၂ ရက်က ပြုလုပ်ခဲ့တာပါ။

Deemoso Local PDF တပ်ရင်း ၁ က တပ်စုမှူး  ခူးရီကို ကတော့ သြဂုတ် ၁၈ ရက်မှာ ကျရောက်တဲ့ ၂၂ နှစ်ပြည့် သူ့ရဲ့မွေးနေ့မှာ ရှေ့တန်းက စစ်ကောင်စီတပ်နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပြီး တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Deemoso Local PDF ပြန်ကြားရေးတာဝန်ရှိသူက “တပ်စုမှူးကျဆုံးတာပါရှင့်။ ၁၈.၈.၂၀၃ က သူ့မွေးသက္ကရာဇ်ပါရှင့်။ သူက DMO မှာ တာဝန်ထမ်းဆောင်တာ ၄ နှစ်ကျော်ရှိပြီ၊ သူက ကျမတို့ DMO local PDF အနေနဲ့ တပ်ပေါင်းစုတွေနဲ့အတူ တိုက်ပွဲရှိတဲ့နေရာကို သွားရောက်တိုင်းမှာ သူလည်းလိုက်ပြီး တာဝန်ထမ်းဆောင်ခဲ့ပါတယ်ရှင့်” လို့ ပြောပါတယ်။

ကျဆုံးခဲ့ရတဲ့ရဲဘော်တွေအတွက် မိသားစုနဲ့ထပ်တူဝမ်းနည်းရပြီး မပြီးပြတ်သေးတဲ့ တော်လှန်ရေးလုပ်ငန်းစဉ်နဲ့ စစ်အာဏာရှင်ကျဆုံးရေးအတွက် အားသွန်ခွန်စိုက် ပိုမိုကြိုးစား တာဝန်ထမ်းဆောင်သွားမယ်လို့ တပ်ရင်းတွေက ဆိုပါတယ်။

စစ်တပ်ဟာ ကရင်နီပြည်နယ်က ဖားဆောင်း၊ ဘော်လခဲ၊ ဒီးမော့ဆိုမြို့နယ်တို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေပြုလုပ်နေတာကြောင့် အရပ်သားပြည်သူ သေဆုံးတာတွေလည်းရှိနေပြီး နေအိမ်ပျက်စီးထိခိုက်တာတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013