DVB Logo
Home
မြန်မာသတင်း
ငွေဆောင်တွင် သေနတ်ပျောက်သည့် စရဖကြောင့် ဒေသခံအချို့ ဖမ်းဆီးနှိပ်စက်ခံရ
DVB
·
August 22, 2025
ငွေဆောင်တွင် သေနတ်ပျောက်သည့် စရဖကြောင့် ဒေသခံအချို့ ဖမ်းဆီးနှိပ်စက်ခံရ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့နယ်မှာ တာဝန်ကျနေတဲ့ စစ်ဖက်ဆိုင်ရာလုံခြုံရေး စရဖ အောင်မြင့်ဦး ဆိုသူမှာ သြဂုတ် ၁၉ ရက် ညက သူငှားရမ်းနေတဲ့အိမ်မှာ ၉ မမ ပစ္စတိုသေနတ်တလက်၊ ဖုန်းတလုံးနဲ့ ကျပ်ငွေ သိန်း ၁၂၀၊ မှတ်ပုံတင်တို့ ပျောက်ဆုံးခဲ့ပြီး အဆိုပါ ငှားနေတဲ့ အိမ်ပိုင်ရှင် အပါအဝင် အနီးနားရှိ ဒေသခံ ၁၃ ယောက်ကို ငွေဆောင်ရဲစခန်းမှာ ဖမ်းဆီးနှိပ်စက် စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေနတ်၊ ဖုန်းနဲ့ ငွေကျပ် သိန်း ၁၂၀ ပျောက်ဆုံးလို့ အိမ်ပိုင်ရှင် အပါအဝင် ဒေသခံ ၁၃ ယောက် ဖမ်းဆီးစစ်ဆေးခံရတဲ့အထဲမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်ပါ ရိုက်နှက် စစ်ဆေးခံနေရတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “စရဖ အောင်မြင့်ဦးက ငွေဆောင်မြို့နယ်ထဲက ကိုဇင်လင်းထိုက် အိမ်မှာ ငှားနေတာ၊ သြဂုတ် ၁၉ ရက်နေ့ညက သူကိုင်ဆောင်တဲ့ ပစ္စတိုသေနတ်၊ ကျည်ဆန်တွေနဲ့ ဖုန်း၊ ပိုက်ဆံ သိန်း ၁၂၀ မှတ်ပုံတင်ပျောက်လို့ဆိုပြီး အိမ်ပိုင်ရှင် ကိုဇင်လင်းထိုက် အပါအဝင် သူ့တူ ရွှေမျိုးနီးစပ်သူ ၁၂ ယောက်ကို ဖမ်းဆီးသွားတာ။ ငွေဆောင်ရဲစခန်းမှာ ရိုက်နှက် စစ်ဆေးနေတယ်။ ကိုဇင်လင်းထိုက်ရဲ့ သမီး အသက် ၉ နှစ်ပဲရှိတဲ့ ကလေးကိုပါ သြဂုတ် ၂၂ ရက် ဒီကနေ့မနက်မှာ ထပ်ပြီး လာဖမ်းပြီး ရိုက်နှက်စစ်ဆေးနေတယ်” လို့ ပြောပါတယ်။

သေနတ်ပျောက်တဲ့သတင်းကို ဖုံးဖိထားပြီး အိမ်ပိုင်ရှင်နဲ့အတူ ရွှေမျိုးတော်စပ်သူတွေကို ဖမ်းဆီး စစ်ဆေး နှိပ်စက်နေတာဖြစ်ပြီး ရပ်ကွက်အတွင်းမှာလည်း ငွေဆောင်အုပ်ချုပ်ရေးမှူး သိန်းဇော်၊ SB ဝင်းထွေး၊ ရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကားနဲ့ လှည့်ပတ်ပြီး မသင်္ကာတဲ့သူတွေကို လိုက်လံရှာဖွေ ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။

စရဖ ဗိုလ်ကြီးအဆင့်ရှိတဲ့ ဝင်းမင်းသန့် ဦးစီးတဲ့ စရဖ အဖွဲ့ဝင်တွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သြဂုတ် ၁၉ ရက်တည်းက သေနတ်ပျောက်ဆုံးတဲ့သတင်းကို ဖုံးဖိထားပြီး တိတ်တဆိတ် လိုက်လံစုံစမ်းနေကာ သေနတ်ပျောက်ဆုံးခဲ့တဲ့ စရဖ အောင်မြင့်ဦး ကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013